သားဖြစ်သူရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ရော်နယ်ဒိုက ဖွင့်ဟပြောကြားလာတာပါ။

ယူနိုက်တက် တိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ သူ့ရဲ့သားကြီး ခရစ္စတီယာနိုဂျူနီယာကို ဘောလုံးသမားဖြစ်လာအောင် ဖိအားပေးသွားမှာ မဟုတ်ဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ အောင်မြင်တဲ့ ကစားသမားကောင်းတယောက်ဖြစ်ခဲ့ပြီး သားဖြစ်သူကိုလည်း သူ့ရဲ့ခြေရာအတိုင်း လိုက်နင်းနိုင်ဖို့ ပံ့ပိုးပေးလိမ့်မယ်လို့ အားလုံးက ယူဆထားပါတယ်။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရော်နယ်ဒိုတို့ သားအဖနှစ်ယောက် ဒူဘိုင်းမှာ အတူတကွ ဘောလုံးလေ့ကျင့်နေပုံတွေက ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ရော်နယ်ဒိုခေတ်လွန် အနာဂတ်မှာ ခရစ္စတီယာနို ဂျူနီယာအပေါ် အများကြီး မျှော်လင့်လျက်ရှိပါတယ်။

ဒါပေမယ့် သားဖြစ်သူနဲ့ပတ်သက်လို့ ရော်နယ်ဒိုကတော့ “အချိန်ကပဲ စကားပြောသွားပါလိမ့်မယ်။ ကျနော်ကတော့ သားကို ဘယ်တော့မှ ဖိအားပေးသွားမှာ မဟုတ်ပါဘူး။ သူ လုပ်ချင်တာကို သူလုပ်ပါလိမ့်မယ်။ သူ ပျော်ရွှင်မယ့်အရာကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ အကောင်းဆုံး ကျနော်တို့ လုပ်ပေးနိုင်တာက ကလေးတွေကို ပညာသင်ပေးဖို့ အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ ပေးစွမ်းဖို့ပါ”

“ပညာရေးက အရေးကြီးတဲ့အရာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ္စတီယာနို ဂျူနီယာရဲ့ မိခင်နဲ့ ပတ်သက်လို့ ပဟေဠိအမျိုးမျိုးရှိခဲ့ပေမယ့် အတည်ပြုနိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ဂျူနီယာအပါအဝင် ရော်နယ်ဒိုရဲ့ မိသားစုက သိုက်သိုက်ဝန်းဝန်းနဲ့ အများအားကျစရာ မိသားစုအဖြစ်ရှိနေဆဲပါ။

ရော်နယ်ဒိုမှာ ဂျူနီယာအပြင် အသက် (၄) နှစ်အရွယ် အီဗာမာရီယာနဲ့မက်တီယိုအမြွှာ၊ သမီးဖြစ်တဲ့ အယ်လာနာမာတီနာတို့ရှိပြီး လက်ရှိအချိန်မှာလည်း ဂျော်ဂျီနာရိုဒရီဂွက်ဇ်က အမြွှာကိုယ်ဝန်လွယ်ထားရပြီလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က