ဘဝမှာ တစ်ခါမှ ကံမ ကောင်းဖူးပေမယ့်လည်း သားဖြစ်သူ ဆိုင်ကယ်မဲပေါက်တာကြောင့် သားအတွက် ဝမ်းသာပီတိတွေနဲ့ အတူ သရုပ်ဆောင်လန်ဒန်က ဖြေကြားလာပါတယ်။
သြဂုတ်လ ၁ရက်နေ့က ဒုတိယဆုအ နေနဲ့သိန်း၅၀ ကျော် တန်ဖိုးရှိတဲ့ ဆိုင်ကယ်မဲပေါက် ခဲ့တဲ့ အ ကြောင်းကို လူရွင်တော်လန်ဒန်က" အွန်လိုင်းကနေ မဲ၂မဲ ဝယ်လိုက်တာ ၁၂၅၀၀တန် မဲနှစ်မဲပေါ့။ သားက ဝယ်ထားတာ ကျွန်တော်တောင် မသိလိုက်ဘူး။ ပေါက်လို့ ပေါက်မှန်းတောင်မသိဘူး။ ဖုန်းဆက်တော့မှ သိရတယ်။ ဆိုင်ကယ်ကို အိမ်တိုင်ရာရောက်လာပို့ပေးတယ်။ သားအတွက်က တော့ ပထမဆုံးကံကောင်းမှု ဖြစ်တဲ့အတွက် အရမ်းဝမ်းသာတယ်။ သူကလည်း ဆိုင်ကယ်Crazy ဆိုတော့ သားကြီးရဲ့ မ မျှော်လင့်ထားတဲ့ကုသိုလ်ကံပေါ့။ မိဘရဲ့ စေတနာတွေလည်းပါတာပေါ့နော်။ "ဆိုပြီး သားဖြစ်သူရဲ့ ကံထူးမှုအ ပေါ် ဝမ်းသာပီတိတွေနဲ့ဆိုလာပါတယ်။
Photo- Landon Fb
မဲပေါက်ခဲ့တဲ့ ဆိုင်ကယ်လေးကို တော့ မြတ် နိုးတန်ဖိုးထားတဲ့အနေနဲ့ မည်သည့်နေရာမှာမှ အသုံးမပြုပဲ အိမ်မှာပဲ သိမ်းထားတဲ့အ ကြောင်းကို ပြောပြလာပါသေးတယ်။
" အိမ်မှာပဲ ထားထားတယ်။ ဘယ်နေရာမှာမှ အသုံးမပြူဘူး၊ ဒီအချိန်အခါကြီးကလည်း အဲ့လိုလျှောက် စီးနေလို့မ ကောင်းဘူးလေ။ ဟိုနားဒီနားလေးပဲ စီးဖြစ်တယ်။ စီးရတာအ ရမ်းမိုက်တယ်။ ရိုးရိုးဆိုင်ကယ်နဲ့မတူဘူး။ Yamaha MY15 ၂၀၁၈မော်ဒယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ ပေါက်တယ်လို့ သိတုန်းကဆိုသားကြီးက မ ပြောထားတော့ ဇ ဝေဇဝါတွေဖြစ်နေတာ၊ မ မျှော်လင့်ထားပဲ ပေါက်တဲ့အရာဖြစ်တဲ့အတွက် အရမ်းပျော်တာပေါ့" ဆိုပြီး ထပ်မံပြောပြလာခဲ့ပါတယ်။
Photo- Landon Fb
ဟာသလူရွှင်တော်သရုပ်ဆောင် လန်ဒန်ကတော့ လတ်တလောမှာ အိမ်စီးပွားရေးဖြစ်တဲ့ ဖာလူဒါ ရောင်းတဲ့အလုပ်ကို လက်ရှိကုန်ဈေးနှုန်းမြင့်မားမှုတွေ ကြောင့်ရောင်းချမှုကိုရပ်နားထားပြီး ကားရိုက်ကမ်းလှမ်းမှုလေးတွေကိုသာ ပြန်လုပ်နေတဲ့အကြောင်းကိုပြောပြလာပါတယ်။
" လတ်တလောကတော့ ဇာတ်လမ်းတိုလေးတွေ သီချင်းmtv လေးတွေမှာ လာခေါ်ရင်ရိုက်ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်လည်းအရက်မ သောက်တော့တာ ၂နှစ်ရှိပြီ။ ဘုရားတရားလေးပဲ အားစိုက်လုပ်ဖြစ်နေတယ်။ မိသားစုအတွက် တခြားနေရာတွေမှာအကုန်မခံတော့ပဲ စုဖြစ်ဆောင်းဖြစ်တယ်။ ဖာလူဒါရောင်းဖို့ကလည်း ဘယ်လိုမှ တွက်ခြေမကိုက်တော့တဲ့အတွက် ကျွန်တော်ရပ်ထားပါတယ်။ ဝယ်စားတဲ့သူတွေအတွက်လည်းဈေးများလာရင်အဆင်မ ပြေတော့ဘူးလေ။ အဲ့ဒါကြောင့်ရပ်ထားပါတယ်" ဆိုပြီးဖာလူဒါမ ရောင်းဖြစ်တော့တဲ့အ ကြောင်းကို ပြောပြလာပါတယ်။
Photo- Landon Fb
ဝါရင့်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ဟာသလူရွှင်တော် လန်ဒန်ကတော့ အနုပညာလောကထဲမှာ နေရာတစ်ခုကို ရယူထားနိုင်ပြီးတော့ စွယ်စုံရအနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး။ လန်ဒန်က တော့ ပရိသတ်တွေကို သူ့ရဲ့ထူးခြားတဲ့အသံလေးနဲ့ ဟာဒယရွှင်ဆေး တိုက် ကျွေးနိုင်သူဖြစ်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လာတာလည်းဆယ်စုနှစ်ကျော် ကာလထဲကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။