ဒီနေ့မှာ ဝင်ခဲ့တာပါ။

အသက်အရွယ် တစ်ခု ရောက်နေတဲ့ အချိန်မှာ ကိုယ့်အသိစိတ်လေးနဲ့ ကိုယ် ရဟန်းဝတ်ချင်တဲ့ စိတ်လေး ဖြစ်လို့ ဝတ်ဖြစ်တာ ပါလို့ သူက ဆိုပါတယ်။

သရုပ်ဆောင် ကျော်ထက်ကတော့ ဒီနေ့မှာ သာသနာ့ဘောင်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အသက်အရွယ် တစ်ခု ရောက်နေတဲ့ အချိန်မှာ ကိုယ့်အသိစိတ်လေးနဲ့ ကိုယ် ရဟန်းဝတ်ချင်တဲ့ စိတ်လေး ဖြစ်လို့ ဝတ်ဖြစ်တာ ပါလို့ သူက ဆိုပါတယ်။

“ရဟန်းဝတ်မယ်ဆိုတဲ့ စိတ်လေးက ဒီနှစ်ထဲမှ ဖြစ်လာတာပေ့ါ။ ကိုယ်လည်းအသက်အရွယ် တစ်ခု ရှိနေပြီဆိုတော့ ကိုယ့်အသိ စိတ်လေးနဲ့ ကိုယ် ရဟန်း ဝတ်ချင်တဲ့ စိတ်လေး ဖြစ်လာပြီး ရွှေရွှေနဲ့ တိုင်ပင်ပြီး ဇနီးကလည်း ကိုယ်ဝတ်ချင်ရင် ဝတ် သူ ကလေး ထိန်းပေးထားမယ်ဆိုပြီး ပြောတော့ ဝတ်ဖြစ်တာပါ။ ဘုရားရဲ့ တရားတွေကို လေ့ကျင့်ကြည့်ချင်တယ် ကိုယ်အသက်အရွယ် တစ်ခု ရောက်လာရင် ကိုယ်ဘာတွေ ဆက်လုပ်မလဲဆိုသိချင်လို့ ဝတ်ကြည့်တာပါ” ဆိုပြီး သာသနာ့‌ဘောင် ဝင်ဖြစ်တဲ့အကြောင်းလေးကို ပြောပြခဲ့တာပါ။


သရုပ်ဆောင် ကျော်ထက်ကတော့ သာသနာ့ဘောင်ထဲမှာ (၅) ရက် တိတိတရားအားထုတ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သရုပ်ဆောင် ကျော်ထက်ဟာ လူပျို ဘဝတုန်းကနဲ့ မတူပဲ မိသားစု ဘဝ ထူထောင်ပြီး နောက်ပိုင်းမှာ အရမ်းကို တည်ငြိမ်ရင့်ကျက်သွားပြီး ဘာသာရေးကိုလည်း ကိုင်းရှိုင်းသူ တစ်ယောက် ဖြစ်လို့လာခဲ့ပါတယ်။

“ဆိုးနေတုန်းကလည်းဆိုးကြည့်တဲ့ အချိန်မှာ တကယ်ကိုယ်ပျော်တယ်လို့ ထင်တာလေ။ ကောင်းမွန်တဲ့ ဘဝမှာ နေကြည့်လိုက်တော့ ဆိုးသွမ်းတဲ့အချိန်မှာ ဖြစ်နေတဲ့ စိတ်တွေ အဲ့ဒါတွေကိုကိုယ် မလိုချင်တော့ဘူး.။ အဲ့ဒါတွေက ဒီအချိန်ပြန်စဥ်းစားကြည့်ရင် အရမ်းပူလောင်တယ် ပြန်မဖြစ်ချင်တော့ဘူး။ လူကောင်းသူကောင်း ဖြစ်တဲ့ နေရာလေးမှာ ကိုယ်နေကြည့်တော့ စိတ်ချမ်းသာရတယ်။ အဓိကတော့ ကိုယ်စိတ်ချမ်းသာတဲ့ နေရာလေးမှာ နေရင်း မိသားစုဆိုလည်း တစ်ဖြေးဖြေးနဲ့ စိတ်ချမ်းသာလာရတာပေ့ါ” ဆိုပြီး ပြောင်းလဲလာတဲ့ သူရဲ့ စိတ်နေသဘောထားနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ


သရုပ်ဆောင် ကျော်ထက်ဟာ အနုပညာလောကထဲကို စတင်ဝင်ရိုက်ချိန်မှာဆိုရင် နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ ဇာတ်တွေ များစွာ ရိုက်ကူးခဲ့သူတစ်ဦးပါ။ အဲ့ဒီနောက် MRTV-4 က ဇာတ်လမ်းက နာမည်ကြီး ဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ “ထာဝရမန္တလေး”၊ “စေတလုံးမောင်ဘုန်း”၊ ဇာတ်လမ်းတွဲနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

အခုချိန်မှာတော့ သာယာတဲ့ မိသားစု ဘဝလေး ထူထောင်ထားပြီး သမီးလေးတစ်ဦးထွန်းကားထားပြီလည်း ဖြစ်ပါတယ်။

 

 

Share

Loading Next Article...
က္က