ဆေးစစ်ဖို့၊ စာရွက်စာတမ်းကိစ္စအားလုံးကို အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့် ၄၈ နာရီအတွင်းမှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူကက်စ်မဲရိုးကို ဆေးစစ်ဖို့အတွက်ပါ ပြင်ဆင်ထားပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကိုပါ အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့တာဖြစ်ပြီး ဒီနေ့မှာ နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေကို ပြုလုပ်ကြမှာဖြစ်ပြီး ယူနိုက်တက်က တရားဝင်ကမ်းလှမ်းမှုကို ပြုလုပ်မယ်လို့လည်း သူကဆိုပါတယ်။ 



ယူနိုက်တက်က ကက်စ်မဲရိုးအတွက် ယူရိုသန်း ၆၀ + အပိုဆုကြေး ယူရို ၁၀ သန်းနဲ့ ကမ်းလှမ်းမှာဖြစ်ကာ စပိန်ကလပ်က လက်ခံဖို့မျှော်လင့်နေပါတယ်။ ကက်စ်မဲရိုးကို ၂၀၂၆ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုမှာဖြစ်ကာ နောက်ထပ်တနှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းထားပြီး ကစားသမားဘက်က လက်ခံဖို့အတွက်လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ 

စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ ကက်စ်မဲရိုးက သူ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်တယ်လို့ အသင်းကို ပြောဆိုထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။ ကစားသမားရဲ့ ဆန္ဒကြောင့် ရီးရဲလ်မက်ဒရစ်ကလည်း ဟန့်တားမှာမဟုတ်ဘဲ ပြောင်းရွှေ့ခွင့်ပေးမှာဖြစ်ကာ ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးကို ရရှိဖို့သာ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။ 

အသက် ၃၀ အရွယ် ဘရာဇီးလ်ကွင်းလယ်လူကို ယူနိုက်တက်က ပြီးခဲ့တဲ့ တရက်နှစ်ရက်အတွင်းကမှ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လစာငွေ ၂ ဆအထိ တိုးမြှင့်ပေးမယ်ဆိုတဲ့ ဆွဲဆောင်မှုပါဝင်သလို ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံးယူရိုသန်း ၆၀ ကနေ ပေးချေမယ်ဆိုတာကလည်း ရီးရဲလ်ကိုရော၊ ကက်စ်မဲရိုးကိုကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ယူဆရပါတယ်။ 


ကက်စ်မဲရိုးကတော့ ဘာနေဗျူးမှာ ၉ ရာသီကြာကစားပေးခဲ့ပြီးဖြစ်ကာ အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အသင်းရဲ့ အဓိကကွင်းလယ်လူတဦးအဖြစ်နဲ့လည်း သူက ပါဝင်ကစားပေးနေခဲ့တာပါ။ 

Share

Loading Next Article...
က္က