တောတောင်၊ ပင်လယ်၊ စိုက်ခင်းတွေနဲ့ အစိမ်းရောင် လွင်ပြင်ကျယ်ကြီးတွေ ရှိနေတဲ့ သုခဘုံ ဗီယက်နမ်ရဲ့ လည်လို့ကောင်းမယ့် နေရာတွေက ဒီနေရာတွေပါတဲ့။

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ စိမ်းစိုလှပပြီး သဘာဝအလှတရားတွေနဲ့ ရင်သပ်ရှုမောဖို့ကောင်းတဲ့ နေရာလို့ ပြောလိုက်ရင် ဗီယက်နမ်ကို တန်းမြင်ကြမယ် ထင်ပါတယ်နော်။ တောတောင်၊ ပင်လယ်၊ စိုက်ခင်းတွေနဲ့ အစိမ်းရောင် လွင်ပြင်ကျယ်ကြီးတွေ ရှိနေတဲ့ သုခဘုံ ဗီယက်နမ်ရဲ့ လည်လို့ကောင်းမယ့် နေရာတွေက ဒီနေရာတွေပါတဲ့။



Ho Chi Minh 

ဟိုချီမင်းမြို့ဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ အထင်ကရ မြို့တော်ဖြစ်ပြီး အရင်တုန်းက ဆိုင်ဂုံလို့ လူသိများကြပါတယ်။ သမိုင်းဝင် အရေးပါမှုတွေနဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပေါင်းစပ်ထားတာကြောင့် ကျော်ကြားပါတယ်။ ခေတ်မီမိုးမျှော်တိုက်တွေနဲ့ အဓိက စီးပွားရေးအချက်အချာကျတဲ့ မြို့ဖြစ်ပြီး ဗီယက်နမ် ဟင်းလျာတွေကို မြည်းစမ်းချင်တဲ့ ခရီးသွားချစ်သူတွေအတွက် ရေပန်းစားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ Independance Palace မှာ အစိုးရရုံးတွေ၊ စစ်စခန်းတွေ၊ ရှေးဟောင်းပစ္စည်းတွေကို လေ့လာနိုင်သလို ဗီယက်နမ်စစ်ပွဲရဲ့ သမိုင်းဝင်အဆောက်အအုံတွေကိုလည်း လည်ပတ်ကြည့်ရှုနိုင်ပါတယ်။ အဲ့ဒီကို ဝင်တဲ့လက်မှတ်က ကွင်းတစ်ခုလုံး၊ ကော်ဖီဆိုင်တွေ၊ ခြံဝင်းနဲ့ အရင်ကသမ္မတနန်းတော်တို့ကို ဝင်ရောက်ကြည့်ရှုခွင့်ပေးထားတာကြောင့် ကြိုက်သလို လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်။ Ben Thanh ဈေး၊ Bui Vien လမ်းလျှောက်လမ်း၊ ဆိုင်ဂုံမှာရှိတဲ့ Notre Dame ဘုရားရှိခိုးကျောင်း၊ ဆိုင်ဂုံဗဟိုစာတိုက်ရုံး၊ Japan Town၊ ကော်ဖီဆိုင်နဲ့ လမ်းဘေးအစားအစာဆိုင်တွေလည်း ရှိတာကြောင့် လည်ပတ်စရာတွေ ပေါပါတယ်။

Da Nang

Da Nang ဆိုတာ လှပပြီး ရင်သပ်ရှုမောဖို့ကောင်းတဲ့ ရှုခင်းနဲ့ အရသာရှိတဲ့ ဒေသထွက် ဟင်းပွဲတွေကြောင့် လူသိများကြပါတယ်။ Da Nang ရဲ့ အထူးအစားအစာတွေက ခရီးသွားတွေကို အမြဲဆွဲဆောင်ထားပြီး My Khe ကမ်းခြေမှာ လှပတဲ့ ရေလှိုင်းတွေနဲ့ ဒေသထွက် အုန်းစိမ်းရည်သောက်ပြီး ကမ်းခြေအလှကို အေးအေးဆေးဆေး ခံစားနိုင်ပါတယ်။ တိုက်ခတ်လာတဲ့ ပင်လယ်လေညှင်းကနေ လန်းဆန်းတဲ့ ခံစားနိုင်ပြီး လှပတဲ့ ရှုခင်းတွေရှိတဲ့ Dragon Bridge နဲ့ Golden Bridge တံတားတွေမှာလည်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ပြီး သဘာဝရဲ့ လှပမှုကို ခံစားနိုင်ပါတယ်နော်။

Nha Trang

Nha Trang ဆိုတာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေမှာရှိတဲ့ ကမ်းရိုးတန်းမြို့နဲ့ Khánh Hòa ပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်။ ကမ်းရိုးတန်းမြို့ဖြစ်တာကြောင့် Nha Trang အဏ္ဏဝါဗေဒ အဖွဲ့အစည်း အခြေစိုက်တဲ့ အဏ္ဏဝါသိပ္ပံစင်တာလည်း ရှိပါတယ်။ Hon Mun အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေကလည်း IUCN မှခွင့်ပြုထားတဲ့ ကမ္ဘာ့ပထမဆုံး အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေလေးခုထဲမှတစ်ခုဖြစ်ပါတယ်။ ဒီမြို့က ကမ်းခြေတွေနဲ့ ရေငုပ်တဲ့နေရာမှာ လူသိများပြီး နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Nha Trang ပင်လယ်အော်က ကမ္ဘာပေါ်က အလှပဆုံး ပင်လယ်အော်များထဲကတစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး ဗီယက်နမ်ကိုလာလည်တဲ့ ခရီးသွားတွေကြားမှာ ရေပန်းစားလှပါတယ်။ နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ ပင်လယ်ပွဲတော်မှာ ခရီးသွားဧည့်သည်များ ပါဝင်ဆင်နွှဲဖို့လည်း အမြဲ ကြိုဆိုနေပါတယ်နော်။ 

Ha long

Ha long ရဲ့ ရှုမဆုံးနိုင်တဲ့ မြစိမ်းရောင် ရေပြင်တွေ၊ ပေါများတဲ့ ထုံးကျောက် ကျွန်းငယ်တွေနဲ့ စွဲမက်ဖွယ်ကောင်းတဲ့လိုဏ်ဂူတွေကြောင့် ကျော်ကြားပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး အပျော်စီးခြင်း၊ ကယက် လှေစီးခြင်းနဲ့ ထူးခြားတဲ့ ဘူမိဗေဒဖွဲ့စည်းပုံများနဲ့ လှပတဲ့ သဘာဝအလှများကို စူးစမ်းလေ့လာဖို့ ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Sun World Halong Park မှာဆိုလည်း ရိုလာကိုစတာနဲ့ ရေပန်းဥယျာဉ်ထဲမှာ အပန်းဖြေရင်း ဆော့ကစားစရာ မျိုးစုံကစားလို့ရတာကြောင့် လူကြိုက်များတဲ့ အပန်းဖြေကစားကွင်းတခု ဖြစ်ပါတယ်။

Sa Pa

Sa Pa မြို့ဆိုတာ ဗီယက်နမ်အနောက်မြောက်ပိုင်း Hoàng Liên Son တောင်တန်းများမှာရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ လူကြိုက်များတဲ့ တောင်တက်စခန်းတစ်ခုဖြစ်ပြီး Muong Hoa တောင်ကြားမှာရှိတဲ့ လယ်ကွင်းတွေကို အပေါ်စီးမှ မြင်ရပါတယ်။ Sapa မှာ ရှိတဲ့ စိမ်းစိုတဲ့ စပါးစိုက်ခင်းတွေက ရင်သပ်ရှုမောဖွယ်ကောင်းပါတယ်နော်။ လယ်သမားတွေက ဒီစိုက်ခင်း အလွှာတွေမှာ စပါးစိုက်ပျိုးထားပြီး အဲ့ဒီနေရာမှာ သဘာဝတရားကို မြတ်နိုးသူတွေအတွက် အေးချမ်းတဲ့နေရာလေး ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ဖို့နဲ့ အေးချမ်းတဲ့တောင်ပေါ်မှာ ရေစိမ်ဖို့ နေရာကောင်းဖြစ်လို့ သွားလည်သင့်ပါတယ်နော်။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။



ဆက်စပ်အကြောင်းအရာများ

Contributor

  • Duwun

Share

Loading Next Article...
က္က