၂၀၂၁ ခုနှစ်အတွက် ဖီဖာ The Best ဆုကိုတော့ လီဝန်ဒေါစကီးက ဆွတ်ခူးသွားခဲ့ပါပြီ။ နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး ပိုလန်သားက မက်ဆီနဲ့ ဆာလာကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြင်္စပါတယ်။ လက်ရွေးစင်အသင်းခေါင်းဆောင်တွေမဲပေးရွေးချယ်မှုမှာ ပါဝင်ခဲ့ပြီး ဘယ်သူတွေက ဘယ်လိုမဲပေးခဲ့ကြလဲဆိုတဲ့စာရင်းက ထွက်ပေါ်လာခဲ့ရာမှာ စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။
မဲပေးရွေးချယ်မှုမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ဟယ်ရီကိန်း (အင်္ဂလန်)၊ ဂါရတ်ဘေးလ် (ဝေးလ်)၊ ရော်နယ်ဒို (ပေါ်တူဂီ) တို့က အသက် ၃၃ နှစ်အရွယ် လီဝန်ဒေါစကီးကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ချယ်လ်ဆီးကွင်းလယ်လူဂျော်ဂျင်ဟိုကလည်း မဲအရေအတွက် ထင်မှတ်ထားတာထက် ပိုမိုရရှိခဲ့ပြီး သူ့ကိုတော့ မိုဟာမက်ဆာလာ၊ လီဝန်ဒေါစကီးနဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်တို့က မဲပေးခဲ့ကြပါတယ်။
မက်ဆီကတော့ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာကို ထိပ်ဆုံးမှာရွေးချယ်ခဲ့ပြီး ဘတ်ပီနဲ့ ဘန်ဇီမာတို့ကို အစဉ်လိုက်နေရာပေးခဲ့တယ်လို့ သိရပါတယ်။ ဘန်ဇီမာကိုတော့ ဟာဇက်နဲ့ မိုဒရစ်တို့လို ရီးရဲလ်အသင်းဖော်တွေက ရွေးချယ်ခဲ့ကြတာကို တွေ့ရပြီး အခြားသောရွေးချယ်မှုတေါမှာ ဆာလာကို ဗန်ဒိုက်က မဲပေးခဲ့တာကို တွေ့ရပါတယ်။
မဲပေးရွေးချယ်မှုတွေကတော့ -
အာဂျင်တီးနား၊ မက်ဆီ - နေမာ၊ ဘတ်ပီ၊ ဘန်ဇီမာ
ဘယ်ဂျီယံ၊ ဟာဇက် - ဘန်ဇီမာ၊ ဒီဘရိုင်း၊ ဂျော်ဂျင်ဟို
ခရိုအေးရှား၊ မိုဒရစ် - ဘန်ဇီမာ၊ ဂျော်ဂျင်ဟို၊ လီဝန်ဒေါစကိး
အီဂျစ်၊ ဆာလာ - ဂျော်ဂျင်ဟို၊ မက်ဆီ၊ လီဝန်ဒေါစကီး
အင်္ဂလန်၊ ဟယ်ရီကိန်း - လီဝန်ဒေါစကီး၊ မက်ဆီ၊ ကန်တေ
ဂျာမနီ၊ နူအာ - လီဝန်ဒေါစကီး၊ ဆာလာ၊ ကန်တေ
နယ်သာလန်၊ ဗန်ဒိုက် - ဆာလာ၊ လီဝန်ဒေါစကီး၊ ကန်တေ
ပိုလန်၊ လီဝန်ဒေါစကီး - ဂျော်ဂျင်ဟို၊ မက်ဆီ၊ ရော်နယ်ဒို
ပေါ်တူဂီ၊ ရော်နယ်ဒို - လီဝန်ဒေါစကီး၊ ကန်တေ၊ ဂျော်ဂျင်ဟို
စပိန်၊ ဘက်ကွက်စ် - မက်ဆီ၊ လီဝန်ဒေါစကီး၊ ဟာလန်း
ဝေးလ်၊ ဘေးလ် - လီဝန်ဒေါစကီး၊ ဘန်ဇီမာ၊ ဆာလာ
ဆောက်ဂိတ် - ဂျော်ဂျင်ဟို၊ ဒီဘရိုင်း၊ မက်ဆီ