Dota 2 အသင်းတွေအတွက် အပြောင်းအရွှေ့ကာလကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ အသင်းတွေဟာ DPC Season အသစ်အတွက် စာရင်းပေးခဲ့ကြပါပြီ။

     Valve ကတရားဝင်ချမှတ်ပေးထားတဲ့ လူအပြောင်းအလဲကာလကလည်း ပြီးသွားပြီဖြစ်တာကြောင့် ဒီအပတ် လူစာရင်းအပြောင်းအလဲနဲ့အတူ ဒီစီးရီးလေးကို အဆုံးသတ်လိုက်ပါရစေ။


ရုရှားဝက်ဝံကြီး Virtus. Pro ရဲ့ကစားသမားအသစ်များ

         အင်ပါယာကြီးတစ်ခုအလား အင်အားကြီးခဲ့ပေမယ့် TI9 ကရလဒ်ဆိုးတွေကြောင့် ကစားသမားတွေ အလျှိုအလျှိုထွက်သွားလိုက်ကြတာ နောက်ဆုံးမှာတော့ အသင်းခေါင်းဆောင်ဖြစ်သူ Solo နဲ့ No[o]ne ပဲကျန်ခဲ့ပါတယ်။




         ထိပ်တန်း Carry ကစားသမားတစ်ယောက်ဖြစ်တဲ့ Ramzes666 က Evil Geniuses မှာ Offlane အဖြစ်နဲ့ ပြောင်းကစားမှာဖြစ်ပြီး 9phasha က Na'Vi မှာ အရင် Position အတိုင်းကစားသွားမှာဖြစ်ပေမယ့် နောက်ဆုံးထွက်ခွာသွားတဲ့ Rodjer ရဲ့လားရာကိုတော့ အခုထိရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ထွက်သွားတဲ့သူတွေ အကြောင်းကို ဒီလောက်နဲ့တော်လိုက်ပြီး အသစ်ရောက်လာတဲ့သူတွေအကြောင်းပဲ ပြောကြတာပေါ့။


 အသစ်ရောက်လာတဲ့ထဲမှာ ထူးခြားတာကတော့ တစ်သက်လုံး Carry ဆော့လာခဲ့ပြီး VP ရောက်မှ Offlane ပြောင်းဆော့မယ်ဆိုတဲ့ Resolut1on ပါ။ တစ်ချိန်ကထိပ်တန်း Carry တစ်ယောက်ဖြစ်ခဲ့ပေမယ့် Role ပြောင်းပြီးတဲ့အခါမှာရော ဘယ်လိုအခြေအနေရှိမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ နောက်ထပ် Ramzes666 ရဲ့နေရာမှာ အစားထိုးလိုက်တဲ့တစ်ယောက်ကတော့ ပရော်ဖက်ရှင်နယ်အဖြစ် အသင်းနဲ့အတူ တစ်ခါမှမဆော့ဖူးသေးတဲ့ Public ကစားသမားတစ်ယောက်ဖြစ်တဲ့ epileptick1d ဆိုတဲ့သူပါ။ CIS region မှာတော့ Rank 28 ကစားသမားဖြစ်ပြီး အစွမ်းဘယ်လောက်ရှိလဲဆိုတာကိုတော့ မသိရသေးပါဘူး။ VP ရဲ့လက်ရှိလူစာရင်းကတော့ ဒီ ၄ ယောက်တည်းပါ။

လာမယ့် Major ပြိုင်ပွဲအတွက်တော့ Stand-in တစ်ယောက်ကိုခေါ်ဆော့ဖို့ ဖြစ်နိုင်ချေများပြီး အဲဒီ Major အလွန် ကစားသမားအပြောင်းအလဲကာလမှာမှ နောက်တစ်ယောက်အသစ်ခေါ်လောက်မှာပါ။ VP အနေနဲ့ အရင်လိုလက်စွမ်းတွေကို အချိန်တိုအတွင်းမှာ ပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


လစ်လပ်နေတဲ့နေရာကို အစားထိုးလိုက်ပြီဖြစ်တဲ့ J.Storm

         Dota2 ပရိသတ်တွေရဲ့အချစ်တော်ကြီး Old Man Fear ပါဝင်တဲ့ J.Storm ကတော့ Valve သတ်မှတ်ထားတဲ့ ကစားသမားအပြောင်းအလဲပြုလုပ်ချိန်ပြည့်ခါနီးမှ Carry ဖြစ်သူ Resolut1on တစ်ယောက် VP ကိုပြောင်းရွှေ့သွားတာကြောင့် တော်တော်လေးဒုက္ခများခဲ့ပါတယ်။ အခုအချိန်မှာတော့ သူ့နေရာကို ကစားသမားအသစ်နဲ့ အစားထိုးနိုင်လိုက်ပြီဖြစ်တာကြောင့် နည်းနည်းတော့ အသက်ရှူချောင်သွားပြီပဲဖြစ်ပါတယ်။


အစားထိုးလိုက်တဲ့သူကတော့ Offlane ကစားသမား Brax ဖြစ်ပြီး အရင် Offlane ကစားတဲ့ Moo က Carry နေရာကိုပြောင်းလဲပြီး ဆော့ကစားသွားမှာဖြစ်ပါတယ်။ လက်ရှိလူစာရင်းအပြည့်အစုံကတော့

1. Moo

2. Nine

3. Brax

4. MoOz

5. Fear တို့ပဲဖြစ်ပါတယ်။


အသစ်ရောက်လာတဲ့ Brax ကိုတော့ အစမ်းခန့်အဖြစ်သာကစားခိုင်းဦးမှာဖြစ်ပြီး အဆင်ပြေမှသာ တရားဝင်ကစားသမားအဖြစ် ခေါ်ယူမယ့်အလားအလာရှိပါတယ်။ Fear တို့တစ်သိုက်အနေနဲ့ ဘယ်ခရီးအထိရောက်မလဲ ဆိုတာကတော့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။


Sumail နဲ့ Quincy Crew


         အားလုံးစိတ်ဝင်စားနေတဲ့ Sumail ကတော့ သူ့အသင်းဖော်တွေနဲ့ အသင်းသစ်ကို ပရိသတ်တွေရှေ့မှောက်ချပြလိုက်ပါပြီ။

၂၀၁၈ ခုနှစ်တုန်းက VG.J Storm အဖွဲ့သားဟောင်းတွေရဲ့ ခေတ္တနားခိုရာဖြစ်ခဲ့တဲ့ Quincy Crew ကို Sumail တို့ညီအစ်ကိုတွေက အသက်ပြန်သွင်းပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ King Of Mid လို့တောင်သမုတ်ကျတဲ့ Sumail ကတော့ အသင်းသစ် Carry အဖြစ်ပြောင်းကစားမှာဖြစ်ပြီး အရင်က Carry ကစားတဲ့ Sumail အစ်ကိုဖြစ်သူ Yawar ကတော့ Offlane Role ကိုပြောင်းလဲကစားသွားမှာဖြစ်ပါတယ်။

Quincy Crew ရဲ့လူစာရင်းအပြည့်အစုံကတော့

1. Sumail

2. Quinn

3. Yawar

4. MSS

5. SVG         တို့ပဲဖြစ်ပါတယ်။


မတ်လကတည်းက အနားယူသွားတဲ့ SVG တစ်ယောက် Dota2 လောကထဲပြန်ဝင်ရောက်လာသလို CCnC ကလည်း သူ့ Alias ကို Quinn လို့ပြောင်းလဲပြီး ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။ Pub မှာတော့တွေ့တဲ့ပြိုင်ဘက်တွေတိုင်းကို ရိုက်ဖြုတ်နေတဲ့ Sumail တို့ Stack အနေနဲ့ တကယ့်ပြိုင်ပွဲတွေမှာရော အခြေအနေဘယ်လိုရှိမှာလဲ Evil Geniuses သာ ကြီးစိုးထားတဲ့ NA မှာ နောက်ထပ်ဘီလူးကြီးတစ်ကောင် နိုးထလာပြီးဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က