ပရိသတ်အားပေးမှုများစွာ ရရှိခဲ့ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ ပရိသတ်အားပေးမှုအများဆုံးရရှိတဲ့ ပြိုင်ပွဲဝင် Final ၄ ယောက်ထဲမှာမှ Novem Htoo က Winner ဆုကို ဆွတ်ခူးလိုက်ပြီဖြစ်ပါတယ်။ သူကတော့ ဒုတိယမြောက် Winner ဆုရှင်ဖြစ်လာတာပါ။

The Voice Myanmar(Season 2) သီချင်းဆိုပြိုင်ပွဲကြီးရဲ့ နောက်ဆုံး ပြိုင်ပွဲကြီးကိုတော့ ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ညက MRTV-4 ရေကူးဌာန မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ Novem Htoo က Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။



သူကတော့ မွန်လူမျိုးတစ်ယောက်ပါ။ သူ့ကိုတော့ Blind Audition မှာနဲ့တင် အကဲဖြတ်ဒိုင် ၄ ယောက်စလုံးရဲ့ အားကျမှုကို ခံခဲ့ရသူတစ်ယောက်ပါ။ သူ့ရဲ့ Music တွေကတော့ တခြားပြိုင်ပွဲဝင်တွေ၊ ပြိုင်ပွဲဝင်ခဲ့ဖူးသူတွေ မပြိုင်ဖူးခဲ့တဲ့ Hard Rock အကြမ်းစားMusic အမျိုးအစားနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ Team ဟန်ထူးလွင် အဖွဲ့ထဲကနေ အဆိုတော်ကောင်း တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Final အဆင့်ကို တက်ရောက်လာတဲ့ အဆိုတော် ၄ ယောက်မှာတော့ Novem Htoo ၊ Paul Austin ၊ Melody Khong နဲ့ Hazel တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ Hazel က ‘’တစ်ကျော့နှစ်ကျော့ တေးကိုသီ’’သီချင်းကိုမြန်မာမှု နဲ့ ပါဝင်ယှဉ်ပြိုင်ထားတာ တွေ့ရပါတယ်။ Novem Htoo ကတော့ ‘’နောက်ကျော’’ ဆိုတဲ့ သီချင်းနဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ Melody Khong ကတော့ ‘’ဂျက်ဆင်ထိပ်က လရိပ်ပြာ’’ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Paul Austin ကတော့ ‘’သခင်’’ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။

Photo: The Voice Myanmar

The Voice Myanmar Season မှာတော့ အကဲဖြတ်ဒိုင်များအဖြစ် ရန်ရန်ချမ်း၊ ကျားပေါက်၊ အာဇာနည်နဲ့ နီနီခင်ဇော်တို့က ပါဝင်ခဲ့တာဖြစ်ပါတယ်။ The Voice Myanmar Season 1 မှာတော့ ငွေစိုးက Winner ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က