တတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ The X Factor Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာတော့ ဟိန်းထိုက်က Winner ဆုကြီးကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်. သူ့အနေနဲ့ ရှေ့ဆက်ပြီးတော့ အနုပညာလမ်းကြောင်းပေါ်မှာ ရှိနေဦးမယ်လို့ ဆိုပါတယ်.
Photo: X-Factor Myanmar
မြန်မာနိုင်ငံမှာ တတိယအကြိမ်ကျင်းပပြုလုပ်တဲ့ The X Factor Myanmarသီချင်းဆိုပြိုင်ပွဲမှာ ပရိသတ်မဲအရေအတွက် အများဆုံး ရရှိခဲ့ပြီး Winner ဖြစ်ခဲ့သူကတော့ ဟိန်းထိုက်ဖြစ်ပါတယ်။ ဒီလိုဆု ရရှိသွားတဲ့အတွက်လည်း ရင်ထဲက ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်.
'' Winner ဆုကြီးကို ရရှိသွားတဲ့အတွက် အရမ်းလည်းပျော်ပါတယ်. စိတ်ထဲမှာ အရမ်းပီတိဖြစ်မိပါတယ်. ကျွန်တော့်ကို ဒီဆုရအောင် အကောင်းဆုံးပံ့ပိုးပေးနေကြတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေ. ကျွန်တော့်ရဲ့ မိသားစုဝင်တွေ. ဆွေမျိုးတွေ ပံ့ပိုးပေးကြလို့သာ ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်. ဆက်လက်ပြီးတော့ လည်း ကြိုးစားနေပါမယ်. အနုပညာလမ်းကြောင်းပေါ်မှာ ရှိနေပါဦးမယ်. အားလုံးကို ကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ည ၁၀ နာရီ ၂၂ မိနစ်က X-Factor Facebook Page ရဲ့ Facebook Live မှာ ပြောပြခဲ့တာဖြစ်ပါတယ်.
Photo: X-Factor Myanmar
The X Factor Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့နောက်ဆုံးဆန်ခါတင်အဆင့်ကိုရောက်ရှိလာတဲ့ ပြိုင်ပွဲဝင် ၃ ဦးကတော့ တူးလေး၊ ဟိန်းထိုက်၊ စောရန်နောင် တို့ဖြစ်ပါတယ်. သူတို့ဟာ တေးရေးဆရာ ညီညီသွင်ရေးစပ်ထားတဲ့ '' ရှင်သန်ခြင်းကဗျာ'' ဆိုတဲ့ တေးသီချင်းကို မတူညီတဲ့ Version တွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်.
Photo: X-Factor Myanmar
The X Factor Myanmar ပြိုင်ပွဲရဲ့ Winner ကို တစ်နိုင်ငံလုံးက လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင် တစ်ထောင် ကျော်မှ အဆင့်ဆင့်ရွေးချယ်ခဲ့တာဖြစ်ပါတယ်. အကဲဖြတ် ဒိုင်လူကြီးများအဖြစ် တေးရေးဇဝါ၊အဆိုတော် ဂရေဟမ်. အဆိုတော် ဇမ်နူး နဲ့ အဆိုတော် Lဆိုင်းဇီ တို့က ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်.
Photo: X-Factor Myanmar
ဒုတိယအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ The X Factor Myanmar ၂၀၁၇ သီချင်းဆိုပြိုင်ပွဲကြီးမှာတော့ ထွန်းနောင်ဆင့် က winner ဆု ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်. ဒီပြိုင်ပွဲကြီးမှာလည်း တေးရေးဇဝါ. အဆိုတော် အိမ့်ချစ်. အဆိုတော် စည်သူလွင်.နဲ့ အဆိုတော် ငယ်ငယ်တို့ က အကဲဖြတ်ဒိုင်လူကြီးတွေအဖြစ် ပါဝင်ခဲ့ကြပါတယ်.