ဝီဂန်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဝီဂန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကောင်းမွန်တဲ့ ခြေစွမ်းတစ်ရပ်ကို ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲ အနိုင်ရလဒ်ကြောင့် ယူနိုက်တက်တို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။



ယူနိုက်တက်ဟာ ဝီဂန်ကွင်းမှာ​ ဒါလော့၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိပြီး စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ စတုတ္ထအဆင့်မှာလည်း ယူနိုက်တက်တို့ ပွဲချောင်နေပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းနေပါတယ်။

ယူနိုက်တက်ဟာ ဥရောပပြိုင်ပွဲ၊ ကာရာဘောင်ဖလားပြိုင်ပွဲတို့ကနေလည်း ထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသင်းက ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့မှာသာ မျှော်လင့်ချက်ရှိနေတာဖြစ်ပါတယ်။

ဝီဂန်နဲ့ပွဲအပြီးမှာ တန်ဟက်ခ်က “ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာတွေ၊ နာမကျန်းမှုတွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သန်မာတဲ့ ကစားကွက်ကို ထုတ်သုံးနေဆဲပါ။ ဝီဂန်နဲ့ပွဲမတိုင်ခင်မှာလည်း ကျွန်တော်တို့ ယုံကြည်ချက်ရှိခဲ့ပြီး ဒီပွဲကို နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်မျိုးရှိခဲ့ပါတယ်”

“ခင်ဗျားတို့အနေနဲ့ ဘယ်လိုမျိုး ပြိုင်ဘက်ကိုမဆို လျှော့တွက်လို့ မရပါဘူး။ သူတို့က အသက်နဲ့ ရင်းပြီး တိုက်ပွဲဝင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပွဲတွေက သူတို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာကြောင့်ပါ။ ကျွန်တော်တို့က အရမ်းကိုကောင်းတဲ့ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က