မန်းရွှေစက်တော်ဘုရားမှာ သိန်းပေါင်း ၁၆၀၀၀ ဝန်းကျင်ကုန်ကျခံ တည်ဆောက်နေတဲ့ ဓါတ်လှေကားတာဝါဆောက်လုပ်နေမှု လုပ်ငန်းအားလုံး ၈၅ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး ဖေဖော်ဝါရီလမှာစတင်မယ့် ဘုရားပွဲတော်ချိန်အမီ အပြီးတည်ဆောက်သွားမယ်လို့ သိရပါတယ်။



 “ ဓာတ်လှေကားအပေါ်ပိုင်း အမိုးအတွက် ကွန်ရစ်လောင်းပြင်ဆင်နေတယ်၊ ဓာတ်လှေကားလျှောက်လမ်း တတိယအပိုင်းအတွက် ကွန်ကရစ်လောင်းပြီးဖြစ်လို့ လျှောက်လမ်းတိုင်ထူပြီး အမိုးမိုးဖို့လည်း ပြင်ဆင်နေတယ်၊ ဓာတ်လှေကား နောက်ဆုံးအပိုင်းအနေနဲ့က လျှောက်လမ်းကြမ်းခင်းအတွက် တာရာစိုခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေတယ်" လို့ ဓါတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ကပြောပါတယ်။

ဓာတ်ပုံ - MRG

ရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို Phase-1 အဖြစ် နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးကနေ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x ၁၂ ပေ)ရှိပြီး ဘုရားကြီး ဘဏ္ဍာငွေမှ ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် ယခုနှစ် ဇွန်လက စတင်တည်ဆောက်နေတာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - MRG

 ဓာတ်လှေကား အဆောက်အဦး တည်ဆောက်ပြီးစီးပါက Phase-2 အဖြစ် AGT ကုမ္ပဏီက စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်းကို ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း (၂၃၀၀)ခန့်ဖြင့် အတက်နှင့် အဆင်း ပုံစံ တပ်ဆင်ဆောင်ရွက်သွားမှာဖြစ်ပြီး ဓာတ်လှေကားတစ်စင်းကို လူ(၂၀)နှုန်းဖြင့် စုစုပေါင်း လူ(၄၀) လိုက်ပါစီးနင်း နိုင်မယ်လို့သိရပါတယ်။

 ဓာတ်လှေကားပြီးစီးသွားပါက သက်ကြီးဘိုးဘွားတွေ၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းသူတွေအပြင် ဘုရားဖူးမိဘပြည်သူအားလုံး အသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

က္က