ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် အရေးပေါ်ကုသမှုတွေ ခံယူခဲ့ရတဲ့ ဟော်လန်ဂန္ထဝင်ဂိုးသမားကြီး ဗန်ဒါဆားရဲ့ အခြေအနေဟာ တည်ငြိမ်မှုရှိနေတယ်လို့ အေဂျက်ဇ်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗန်ဒါဆားရဲ့ ဇနီးဖြစ်သူ ကိုယ်စား အေဂျက်ဇ်က သတင်းတွေကို ဆက်တိုက်ထုတ်ပြန်ပေးနေတာပါ။
မနေ့က ညနေပိုင်းမှာ ဗန်ဒါဆားကို ခရိုအေးရှားကနေ ဟော်လန်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ဟော်လန်ဆေးရုံမှာ ဆက်လက်ထားရှိရဆဲလို့လည်း သိရပါတယ်။ ဗန်ဒါဆားကို အထူးကြပ်မတ်ကုသဆာင်မှာပဲ ထားရှိထားရပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘူးလို့လည်း သိရပါတယ်။
ဒါပေမယ့် ကုသမှုတွေကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီး ဗန်ဒါဆားနဲ့ ဆက်သွယ်ပြောဆိုမှုတွေ လုပ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဗန်ဒါဆားမိသားစုကတော့ ခရိုအေးရှားမှာ အထူးဂရုစိုက်ကုသပေးခဲ့တဲ့ University Hospital of Split ကို ကျေးဇူးတင်တယ်လို့လည်း ဆိုခဲ့ပါတယ်။
သူ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေဖို့အတွက် မိသားစုမျှော်လင့်နေပြီး ဗန်ဒါဆားရဲ့ ပရိသတ်တွေကလည်း ဆုမွန်ကောင်းတောင်းပေေးနကြတာပါ။ အေဂျက်ဇ်၊ ဂျူဗီ၊ ဖူလ်ဟမ်နဲ့ မန်ချက်စတာယူနိုက်တက်တို့မှာ ကစားခဲ့တဲ့ ဗန်ဒါဆားဟာ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။