စည်သူလွင်က ပန်းချီဘက်မှာ ထူးချွန်ခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့သူပါ။

ဂီတအလုပ်တွေ ရပ်နားထားတဲ့ နောက်ပိုင်း အားလပ်တဲ့ အချိန်တွေမှာ ၀ါသနာပါတဲ့ ပန်းချီ ဆွဲတဲ့ အလုပ်တွေကို ပိုလုပ်ဖြစ်နေတဲ့ အ ကြောင်း အဆိုတော် စည်သူလွင်က ပြောလာပါတယ်။ စည်သူလွင်က အလယ်တန်းကျောင်းသားဘဝကနေ အထက်တန်းအထိ ပန်းချီဆွဲတဲ့ပညာကို သင်ယူခဲ့တာဖြစ်တဲ့အတွက် ပန်းချီက ငယ်ဘဝဝါသနာလို့ ဆိုနိုင်ပါတယ်။



"သီချင်းနဲ့ ပတ်သတ်တာ ဘာမှ မလုပ်ဖြစ်တာ ၂နှစ်လောက်ရှိနေပြီ။ ပန်းချီတော့ ဆွဲဖြစ်တယ်။ အားနေတဲ့အချိန် ပန်းချီဆွဲဖြစ်တယ်။ ငယ်ငယ်ကလည်း ၀ါသနာပါတဲ့ အရာဖြစ်တဲ့အတွက် ပန်းချီလေးတွေ ပြန်ဆွဲ ဖြစ်နေတယ်။ကိုယ်သိသ လောက် တတ်သ လောက်လေးတွေပဲ ဆွဲ နေတာ။ အများကြီး လေ့လာဖို့လည်း လိုသေးတယ်။ဒီ့ထက်ပိုပိုပြီး ရေးနိုင်ဆွဲ နိုင်အောင်တော့ ကြိုးစား ရမယ်"လို့ စည်သူလွင်က အဆိုတော် စန္ဒီမြင့်လွင် ရဲ့ Dee Digital မိတ်ဆက်ပွဲမှာ ဖြေ ကြားပေးခဲ့ပါတယ်။ 

ဓာတ်ပုံ - စည်သူလွင်

အဆိုတော်စည်သူလွင်က အလယ်တန်းနဲ့ အထက် တန်း ကျောင်းသားဘဝမှာ ကျောင်းက ကျင်းပပြုလုပ်တဲ့ ပန်းချီပြိုင်ပွဲ အချို့တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဆုတွေ အများအပြား ရရှိပိုင်ဆိုင်ခဲ့တယ်လို့ လည်း သိရပါတယ်။အဲ့ဒီ့နောက်ပိုင်းမှာတော့ ဂီတ လောကထဲကို ဝင်ရောက်ခဲ့ပြီးနောက်မှာ ပန်းချီနဲ့ အဆက်ပြတ်သွားပြီး အခုကာလမှသာ အားလပ်ချိန်တွေရလာလို့ ပန်းချီတွေတွေ ဆွဲဖြစ်နေခဲ့တာပါ။

ဓာတ်ပုံ - စည်သူလွင်

" မြို့နယ် အဆင့် ပြိုင်ရတယ်၊ တိုင်းအဆင့်ပြိုင်ရရတယ်။မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်နေ့တို့။ စာတတ်မြောက်ရေးအထိမ်းအမှတ်နေ့တို့အတွက် ပြိုင်ရင် အစ်ကို ဆုတွေ အများကြီးရဖူးတယ်။ အဲ့ဒါက ၁ဝတန်းလောက်အထိပေါ့။ အဲဒီနောက်ပိုင်းမှာ ဂီတလောကထဲကို ဝင်ပြီးနောက်မှာ အစ်ကို ပန်းချီတွေ မဆွဲ ဖြစ်တော့ဘူး” လို့ ဆိုပါတယ်။

ဓာတ်ပုံ - စည်သူလွင်

ပန်းချီပြပွဲကျင်းပပြုလုပ်ဖို့ ကလည်း အချိန်အများကြီးယူရဦးမယ်လို့ သူက ဆိုပါတယ်။ 

အဆိုတော်စည်သူလွင်က တော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူက ကာတွန်းဆရာဦးငွေကြည်ဖြစ်တာကြောင့် အနုပညာမျိုးရိုးကြီးသူတစ်ဦးလည်းပါတယ်။ အပထမဆုံးစီးရီးဖြစ်တဲ့ " ချစ်သူများရဲ့နေ့ " စီးရီး နဲ့ အောင်မြင်ခဲ့သူ ဖြစ်ပြီး တစ်ကိုယ်တော်ခွေ ငါးခွေ ၊ အမှတ်တရ စီးရီးတစ်ခွေ နဲ့ အတွဲ ခွေ ပေါင်းများစွာ မှာလည်း သီဆိုခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က