အက၀ါသနာရှင် (၃)ဦး ပေါင်းစည်းထားတဲ့ YOLO အဖွဲ့ လေးက ကကွက်ဆန်းတွေကြောင့် လတ်တလောအွန်လိုင်းမှာ နာမည်အရမ်းကြီးနေတာပဲဖြစ်ပါတယ်။ သူတို့ (၃)ဦးက လတ်တလောမှာ ကြော်ငြာ တွေ ရိုက်ကူးနေရတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေအတွက်လည်း စိတ်ကူးထားတာလေးတွေရှိကြောင်း ပြောပြလာပါတယ်။
"ကျွန်တော်တို့ နောက်ပိုင်း စီးပွားရေး ကြော်ငြာတွေကြဲလာတဲ့ အချိန်ကျရင် သုံးယောက်အတူတူ အက လေ့ကျင့်မယ်။ ပရိသတ်တွေကိုလည်း ကျွန်တော်တို့ ကျွမ်းကျင်တဲ့ အကတွေ ချပြဖို့ အချိန်ရသွားမယ်။ သုံးယောက်စုပြီး သီချင်းလေးတွေလည်း စလုပ်ကြည့်မယ်ပေါ့နော်” လို့ KRIZ ဆိုပါတယ်။
အကသမားများဖြစ်တဲ့ သူတို့သုံးဦးစလုံးတာ သီချင်းဘက်မှာပါ ဝါသနာပါတာလည်း တူနေကြပြန်ပါတယ်။
ဓာတ်ပုံ - YOLO YOLO
“ကျွန်တော် အကလောကထဲ ရောက်သွားတာက သီချင်းဆိုချင်လို့ ဆိုပြီး ရောက်သွားတာ။ ကိုယ်နဲ့လိုက်ဖက်တဲ့ပုံကိုလည်း ရှာရတယ်။ကိုယ့်မှာအားသာတာ ဘာရှိလဲ၊အဲ့ဒါကိုရှာဖွေရင်းနဲ့ ရောက်လာတာပဲ ဆိုတော့ Vic တို့၊ ဟန်သာတို့မှာလည်း အားသာချက်တွေ ရှိကြတယ်။ သူတို့နှစ်ယောက် က သီချင်းတွေ ခိုးခိုးပြီးရေးကြတယ်။ သူတို့ တွေ တကယ်ဝါသနာပါကြတော့ ကျွန်တော်တို့ သုံးယောက် အတူတူလေး အနုပညာအလုပ်လုပ်ကြဖို့ ရှိပါတယ်"လို့ YOLO ရဲ့ နောက်ပိုင်းအနုပညာလှုပ်ရှားမှု တွေ အကြောင်း အဖွဲ့ဝင် KRIZ က ပြောပြခဲ့ပါတယ်။
ကျန်တဲ့ နှစ်ဦးကလည်း သီချင်းတွေဖန်တီးဖို့အတွက် KRIZ လိုပဲ တက်ကြွမှု အပြည့်ရှိနေကြပါတယ်။
""Vic ကတော့ အကမှာ Level တစ်ခုက ရောက်နေပြီဆိုတော့ ထပ်ပြီးတော့ ဖြည့်စရာက သီချင်း ဘက်ကို ခြေဦးလှည့်ဖို့ပဲ လိုတော့တာ။ Kriz က လည်းအများကြီးလက်တွဲ ခေါ် ပေးတယ်။ အဖွဲ့လိုက် သီချင်းတွေ ထုတ်မယ်ဆိုပြီးတော့ပေါ့။ အဲဒီအတွက်ကြောင့် သီချင်းတွေ လည်းဆက်လုပ်သွားဖို့ ရှိတယ်။ အက သမားတစ်ယောက် အနေနဲ့ရော၊ သီချင်းဆိုတာရော ဆက်ပြီးလုပ်သွားဖို့ ရှိပါတယ်” လို့ Vic က ပြောပြခဲ့ပါတယ်။
ဓာတ်ပုံ - YOLO YOLO
“ကျွန်တော်ကလည်း Vic တို့၊ Kriz တို့ ပုံစံမျိုးလိုပဲ Stage တွေ ပေါ် တက်ပြီး Perform လုပ်ရတာ အရမ်းဝါသနာပါတယ်။ အကရော အဆိုရော နှစ်ခုစလုံးကို အ ခြေအနေ ကောင်းသွားရင် Perform လုပ်ဖို့ ကြိုးစားသွားပါ့မယ်" လို့ အဖွဲ့ ဝင် ဟန်သာက လည်း သူ့ရဲ့ အိပ်မက်တွေကို လက် တွေ့ အ ကောင်အထည် ဖော်တော့မယ့် အ ကြောင်းပြောပြခဲ့ပါတယ်။
ဆန်းသစ်တဲ့ အိုင်ဒီယာ တွေနဲ့ ပေါင်းစပ်ထားတဲ့ စီးပွားရေး ကြော်ငြာ တွေနဲ့ အတူ သူတို့ (၃)ဦး Live လွှင့် စျေးရောင်းရင်း ကပြ သွားတဲ့ က ကွက် တွေ ကြောင့် YOLO အဖွဲ့ ကို ရိသတ်တွေ သတိထားမိလာကြပါတယ်။
အဖွဲ့ ဝင် Kriz က ၂၀၁၇ ခုနှစ်က Galaxy Star ပြိုင်ပွဲ မှာ ဝင်ပြိုင်ခဲ့ဖူးပြီး အဲ့ဒီ့ နောက်ပိုင်းမှာလည်း ပြိုင်ပွဲ တော်တော် များများ ကို ဝင်ပြိုင် ခဲ့ဖူးတဲ့သူတစ်ဦးဖြစ်ပါတယ်။ ကျန်တဲ့နှစ်ဦး ဖြစ်တဲ့ Vic နဲ့ ဟန်သာ တို့ က တော့ အကဝါသနာပါတဲ့ လူငယ်နှစ်ဦးဖြစ်ပြီး သူတို့(၃)ဦးဟာ ပေါင်းစည်းမိကြပြီး Live လွှင့် စျေးရောင်းရင်း YOLO YOLO အဖွဲ့ လေး ဖြစ်လာတာပဲ ဖြစ်ပါတယ်။