ရန်ကုန်မြို့နဲ့ အနီးနားမှာရှိတဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းတွေနဲ့ ပုံလှလှလေးတွေရိုက်ရင်း အမှတ်တရတွေဖန်တီးဖို့ အကောင်းဆုံးနေရာများ

သင်္ကြန်ပိတ်ရက်မှာ ရန်ကုန်မြို့အနီးအနားမှာပဲ အနားယူချင်တဲ့သူတွေရှိလား။ သဘာဝနဲ့ နီးနီးကပ်ကပ်ရှိပြီး မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အပန်းဖြေလို့ကောင်းတဲ့ နေရာမျိုးကိုရှာနေရင်တော့ ဒီနေရာတွေကိုရွေးချယ်သင့်ပါတယ်။ 




သစ်လုံးခြံ _ Fun First Hmawbi 



ဥရောပစတိုင်လ် တိုက်ဖြူဖြူလေးနဲ့ ရေကူးကန်အကျယ်ကြီးရှိတဲ့ သစ်လုံးခြံကတော့ မိသားစုတွေ အပန်းဖြေလို့ကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်ရှိပြီး ဓာတ်ပုံရိုက်လို့လှတဲ့ နေရာလေးတွေရှိတာကြောင့် နွေရာသီပိတ်ရက်မှာ လည်ပတ်ဖို့ရွေးချယ်သင့်တယ်နော်။ ညဘက်မှာ ပေါ့ပေါ့ပါးပါး ကာရာအိုကေဆိုရင်း ဖြတ်သန်းနိုင်သလို ရေကူးကန်အကျယ်ကြီးမှာ ကလေးတွေဆော့လို့လည်း ရပါတယ်။ လိပ်စာကတော့ ဆည်မြောင်းလမ်း၊ ကျောက်ကာကွင်း၊ မှော်ဘီ မြို့နယ်၊ အောက်ချိုင့်မှတ်တိုင်မှာ ရှိပါတယ်။ 


Breeze garden 



မြို့ပြရဲ့ ဆူညံမှုတွေကနေ ဝေးကွာရာမှာရှိတဲ့ နောက်ထပ်နေရာတစ်ခုကတော့ Breeze Garden ပဲဖြစ်ပါတယ်။ စိမ်းစိမ်းစိုစိုမြင်ကွင်းတွေနဲ့ မနက်စောစော ကော်ဖီလေးသောက်ရင်း အခန်းကနေမြင်ရတဲ့ရှုခင်းက လာလည်ရကျိုးနပ်စေမှာ အမှန်ပါပဲ။ ပြီးရင်တော့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေလည်း အများကြီးရှိတဲ့အတွက် ပုံလှလှလေးတွေရိုက်ရင်း အမှတ်တရတွေဖန်တီးဖို့ အကောင်းဆုံးနေရာပါ။ လိပ်စာကတော့ ၁၀ မိုင်ကုန်း၊ ဘူးလယ်အင်းရွာ (အင်းတကော်အကျော်) ဓမ္မဒူတ တက္ကသိုလ်ရှေ့လမ်းမှာပဲဖြစ်ပါတယ်။ 


My Dream Garden



သဘာဝတောအုပ်ကြီးထဲကို ရောက်သွားသလို ခံစားရစေမယ့် အပြင်အဆင်တွေနဲ့ ဆွဲဆောင်ထားတဲ့နေရာကတော့ ရန်ကုန်မြို့နဲ့ အနီးနားမှာရှိတဲ့ My Dream Graden ပဲဖြစ်ပါတယ်။ နေရာတစ်ခုလုံးက စိမ်းစို တိတ်ဆိတ်နေပြီး မိသားစုလိုက်ပဲအနားယူချင်လား၊ သူငယ်ချင်းတွေအုပ်စုလိုက်ပျော်မလား အဆင်ပြေစေမှာပါ။ ရေကူးကန်၊ Golf ကွင်းစိမ်းစိမ်း၊စက်ဘီးစီးလို့ရတဲ့နေရာတွေနဲ့ ကျယ်ကျယ်ဝန်းဝန်းရှိတာကြောင့် သေချာပေါက် အနားယူလို့ကောင်းမှာသေချာပါတယ်။ လိပ်စာကတော့ မှော်ဘီ ညောင်နှစ်ပင်လမ်း၊ အမှတ်၃ လမ်းတည့်တည့်ကနေ စစ်ဆေးရေးဂိတ်ဘေးကလည်း သွားလို့ရသလို မှော်ဘီ ဂျပန်ဘုရား မျက်နှာချင်းဆိုင် လမ်းကနေလည်း သွားလို့ရပါတယ်။


Lann Cottage Resort & Spa  



နာမည်နဲ့လိုက်အောင် တစ်ထပ်လုံးချင်း Tent လေးတွေနဲ့ သီးသန့်အနားယူချင်တဲ့သူတွေရွေးချယ်သင့်တဲ့နေရာကတော့ Lann Cottage ပါပဲ။ ဒီနေရာက Spa ပါ တစ်ခါတည်းပါဝင်တဲ့အတွက် လူကြီးတွေအကြိုက်တွေ့စေမယ့် နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ပိုင် Tent လေးတွေနဲ့ အေးဆေးအနားယူရင်း သီးသန့်ရေစိမ်ကန်ပါ ပါဝင်တဲ့အတွက် မိသားစုတွေ၊ သူငယ်ချင်းတွေ ပိတ်ရက်မှာအချိန်ကုန်ဆုံးမယ်လို့စဉ်းစားထားရင်တော့ ဒီနေရာကိုလည်း ချန်ထားလို့မရဘူးနော်။ လိပ်စာကတော့ ရန်ကုန်-ပုသိမ်လမ်း၊ မိုင် ၅၀၊ ပန်းတနော်မြို့နယ် မှာရှိပါတယ်။ 



ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က