သင်္ကြန်ပိတ်ရက်အတွက် KBZPay ကနေ ကျပ်သိန်းပေါင်း ၃၀၀ ကျော် ပြန်အမ်းငွေ မျှဝေရယူနိုင်မယ့် အစီအစဥ်ကို ဧပြီလ ၈ ရက်မှ ၁၂ ရက်အထိ ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဥ်မှာဆိုရင် အသုံးပြုသူအသစ်တွေကစလို့ KBZPay အသုံးပြုသူအားလုံး ပါဝင်နိုင်မှာပါ။
ကမ်ပိန်းမှာ ပါဝင်ဖို့ သိထားသင့်တဲ့အချက်များ
၁။ KBZPay အသုံးပြုသူများအနေနဲ့ ကိုယ်ပိုင်အဖွဲ့လေးတစ်ခု ဖန်တီးလို့ဖြစ်စေ၊ ရှိပြီးသား အဖွဲ့တစ်ခုမှာ ဝင်ရောက်ပူးပေါင်းလို့ ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ပွိုင့်လေးတွေကို စုဆောင်းသွားနိုင်ပါတယ်။ ပွိုင့်တွေစုဖို့ အစီအစဉ်စာမျက်နှာထဲကို ဝင်ရောက်ပြီး စုဆောင်းရမှာ ဖြစ်ပါတယ်။
၂။ အဖွဲ့တစ်ဖွဲ့မှာ ၈ ဦးအထိပါဝင်နိုင်ပြီး အဖွဲ့ဝင်အသီးသီးက စုဆောင်းထားတဲ့ ပွိုင့်လေးတွေ အားလုံးကို ပေါင်းပြီး စုစုပေါင်း ပွိုင့် ၁,၅၀၀ ရရှိရမှာဖြစ်ပါတယ်။
၃။ ပွိုင့် ၁,၅၀၀ ရရှိသွားတဲ့ အဖွဲ့က အဖွဲ့ဝင်တွေက ပြန်အမ်းငွေကို ကျပန်း ခွဲဝေရယူရမှာပါ။
၄။ ပြန်အမ်းငွေ ကို လက်ခံရရှိပြီးတာနဲ့ အဖွဲ့က ပျက်သွားမှာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့ စုဆောင်းထားတဲ့ပွိုင့်များအားလုံးကို နှုတ်ယူသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် အဖွဲ့သစ် ဖွဲ့လို့ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ပွိုင့်တွေကိုတော့ အစကနေထပ်မံ စုဆောင်းရမှာ ဖြစ်ပါတယ်။
၅။ တစ်ခု သတိပြုရမှာက အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးတာနဲ့ ၃၆ နာရီအထိ အချိန်ရမှာဖြစ်ပြီး အဲဒီ ၃၆ နာရီအတွင်းမှာ ပွိုင့် ၁,၅၀၀ မရသေးရင် အဖွဲ့ကအလိုအလျောက်ပျက်သွားမှာဖြစ်ပြီး စုဆောင်းထားတဲ့ ပွိုင့်တွေကိုတော့ နောက်အဖွဲ့သစ်ဖွဲ့လို့ဖြစ်စေ၊ တစ်ဉီးချင်းဖြစ်စေ ဆက်လက်စုဆောင်းနိုင်ဖို့ပြန်လည်ရယူနိုင်မှာပါ၊
၇။ တစ်ဦးကို တချိန်မှာ အဖွဲ့တစ်ဖွဲ့သာ ဝင်နိုင်မှာဖြစ်ပါတယ်။ တစ်ဖွဲ့ထက်ပိုပြီး ဝင်လို့မရပါဘူး။
ပွိုင့်တွေရရှိနိုင်တဲ့ နည်းလမ်း (၇) ခု
ကမ်ပိန်းရဲ့စည်းမျဥ်းစည်းကမ်းတွေ သိပြီဆိုတော့ ပွိုင့်စုနည်းလေးတွေကို ပြောပြပါမယ်။
(၁) KBZPay အသုံးပြုသူအသစ်တစ်ဦးကို ဖိတ်ခေါ်လိုက်တိုင်း ဖိတ်ခေါ်ခံရသူက လက်ခံလိုက်တာနဲ့ ပွိုင့် ၅၀ ရရှိမှာပါ။
(၂) ကမ်ပိန်းအကြောင်း မိတ်ဆွေသူငယ်ချင်းများနဲ့ မျှဝေရင် တစ်နေ့ကို ၅ ပွိုင့် ရရှိမှာပါ။
(၃) လက်ဆောင်ကတ်ကို အနည်းဆုံး ၂,၀၀၀ ကျပ်နဲ့အထက် ဝယ်ယူရင် ၁၀ ပွိုင့် ရရှိမှာပါ။ တစ်နေ့ကို နှစ်ကြိမ်အထိ ပြုလုပ်နိုင်ပြီး ပွိုင့် ၂၀ အထိ ရယူနိုင်ပါတယ်။
(၄) mini game တစ်ခုကို အနည်းဆုံး ၃၀ စက္ကန့် ကစားရုံနဲ့လည်း တစ်နေ့ကို ၅ ပွိုင့် ရရှိနိုင်ပါတယ်။
(၅) KBZPay Market က ကုန်ပစ္စည်းအနည်းဆုံးတစ်ခုကို wishlist ဒါမှမဟုတ် cart ထဲ ထည့်လိုက်ရုံနဲ့ တစ်နေ့ကို ၅ ပွိုင့် ရမှာပါ။
(၆) ကုန်ပစ္စည်းတွေကို အနည်းဆုံး ၂,၀၀၀ ကျပ်ဖိုး ဝယ်လိုက်ရုံနဲ့ ၁၀ ပွိုင့် ရရှိမှာပါ။ တစ်နေ့ကို နှစ်ကြိမ် ဝယ်ယူနိုင်ပြီး ပွိုင့် ၂၀ အထိ စုဆောင်းနိုင်ပါတယ်။
(၇) KBZPay အကောင့်လုံခြုံရေးဆိုင်ရာ မေးခွန်းတွေကို မှန်ကန်စွာဖြေဆိုနိုင်ရင် တစ်နေ့ ၅ ပွိုင့် ရရှိမှာပါ။
သင်္ကြန်အကြိုကာလမှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဖွဲ့လေးတွေဖွဲ့ပြီး မုန့်ဖိုးလေးတွေ မျှဝေရယူနိုင်ဖို့ အတွက် KBZPay ရဲ့ ပြန်အမ်းငွေမျှဝေရယူအစီအစဥ်မှာ ဝင်ရောက်ပါဝင်ဆင်နွှဲလိုက်ကြရအောင်နော်။
အသေးစိတ်ကိုတော့ အောက်ဖော်ပြပါလင့်ကိုနှိပ်၍ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://bit.ly/3jj7224
Campaign Page သို့ဝင်ရောက်ရန် - https://bit.ly/3JlQbGp
KBZPay App ကို ရယူရန် –
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9