ပရိသတ်တွေကိုလည်း နှစ်သစ်ဆုတောင်းစကားဆိုထားပါတယ်။

၂၀၂၂ မြန်မာ့ နှစ်ကူးသင်္ကြန်ကာလကို မကြာခင် ရောက်ရှိတော့မှာဖြစ်ပြီး ပြည်သူချစ်တဲ့ အနုပညာရှင် တွေရဲ့ သင်္ကြန်ကာလ သူတို့ ဘာလုပ်ကြမလဲ၊ ဘယ်မှာရှိမလဲဆိုတာ တင်ဆက်ပေးလိုက်ပါတယ်။



ပိုင်တံခွန် (သရုပ်ဆောင်)

သင်္ကြန်က တော့ ကျွန်တော်ဘယ်မှ မသွားဘူး။အေးဆေးပဲ အိမ်မှာနေမှာပါ။တစ်ယောက်တည်းလည်း ဖြစ်ကောင်းဖြစ်မယ်။ သူငယ်ချင်းတွေနဲ့လည်း ဖြစ်ကောင်းဖြစ်မယ်။ သေချာမသိဘူး။ကျွန်တော့်သင်္ကြန် Plan က တော့ ဘာမှ မရှိပါဘူး။ 

နှစ်သစ်ဆုတောင်းက တော့ နှစ်သစ်မှာ အားလုံးပဲ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ။ကျွန်တော်လည်းကျန်းမာရေးအရမ်းကောင်းတယ်။စိတ်ရော လူရော အကုန်ကျန်းမာတယ်ဆိုတဲ့အ ကြောင်းလေး ထပ်လောင်းပြောချင်ပါတယ်။ 

G Fatt (အဆိုတော်) 

အတိအကျတော့ ဘုန်းကြီး ဝတ်မယ်လို့တော့စဉ်းစားထားတာ မဟုတ်ပေမယ့် ဝတ်ရင် ကောင်းမလားလို့ စဉ်းစားနေတာပါ။ 

နှစ်သစ်မှာ ပရိသတ်တွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ကျွန်တော်တို့ ပြန်ဆုံကြတဲ့ အခါကျရင် တစ်ဝကြီး သီချင်းတွေအများကြီးနဲ့ ဖျော်ဖြေ ချင်ပါတယ်။ အားလုံး ကိုလွမ်းနေပါတယ်။အားလုံးကို အရင်အတိုင်းချစ်ပါတယ်။သတိလည်းရပါတယ်။ကျေးဇူးတင်ပါတယ်။ 

မေတိုးခိုင် (သရုပ်ဆောင်) 

တရားစခန်းက လည်း မဝင်တာ တော် တော် ကြာပြီ ဆိုတော့ အလုပ်တွေ လည်း နားထားရ တော့ တရားစခန်း ဝင်ဖို့ စဉ်းစာ ထားပါတယ်။ 

အာလုံးကျန်းမာရွှင်လန်းကြပါစေ။စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ်။ 

ဘုန်းသီရိကျော်( Jenny) (မော်ဒယ်လ်) 

ဓာတ်ပုံ - ဘုန်းသီရိကျော်

ဒီနှစ်သင်္ကြန်ကိုတော့ ဘာမှ တော့မလုပ်ဖြစ်ဘူး။အိမ်မှာပဲ နေဖြစ်မယ်။သူငယ်ချင်းတွေ မုန့်လုပ်စားမယ်ဆိုရင် သူတို့ အိမ်တွေ သွားဖြစ်မယ်။သင်္ကြန် မေတ္တာသုတ် အဓိဌာန် တွေကိုတော့ Save ထားတယ်။ လုပ်ဖြစ်မလုပ်ဖြစ်တော့မသိဘူးပေါ့နော်။ ကိုယ်တိုင်လည်း အားရင် အဓိဌာန်လေးတွေ တော့ဝင်ဖြစ်မယ်။ 

နှစ်သစ်ဆုတောင်းအ နေ နဲ့ က တော့ ဒီကာလကြီးမှာ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စုံစုံလင်လင် နေနိုင်ကြပါစေ။စိတ်ချမ်းသာကြပါစေ။ကိုယ်ကျန်းမာကြပါစေ၊ စီးပွားရေးတွေ အဆင်ပြေကြပါစေ။အကုန်လုံးလိုချင်တဲ့ ပန်းတိုင်ကို ရောက်ကြပါစေ။ 

သက်ဆုနဒီ(အဆိုတော်) 

ဓာတ်ပုံ - သက်ဆုနဒီ

သက်ဆုက သင်္ကြန်တွင်းတော့ တရားစခန်းဝင်ဖြစ်မှာပါ။ တခြားတော့ထွေထွေထူးထူးဘာမှမလုပ်ဖြစ်တော့ဘူးပေ့ါနော်။ သင်္ကြန်မတိုင်ခင်တော့ မုန့်လုံးရေပေါ်နဲ့သင်္ကြန်ထမင်းချက်စားမယ်။ ပြီးရင်တော့ တရားစခန်းဝင်မယ်။ ဒါပါပဲရှင့်

ဒီနှစ်သစ်မှာ အားလုံးပဲသောကတွေကင်းဝေးပြီး စိတ်ချမ်းသာကြပါစေလို့ဆုတောင်းချင်ပါတယ်။ အရင်နှစ်တွေတုန်းကကော အခုထိကော အကုန်လုံးကိုယ့်အပူတွေနဲ့ရုန်းကန်ရှင်သန်နေကြရတာဆိုတော့ ပျော်စရာတော့မကောင်းဘူးပေါ့နော။ဒါမယ့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါစေနော်။




ဆက်စပ်အကြောင်းအရာများ

Share

က္က