သမိုင်းကြောင်းက အရေးမကြီးဘူးလို့ ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သမိုင်းကြောင်း အစဥ်အလာတွေက ဒီနေ့ည ကစားမယ့် မန်စီးတီးနဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အဆုံးအဖြတ်ပေးမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီနေ့ည အစ္စတန်ဘူလ်မှာ မန်စီးတီးနဲ့ အင်တာမီလန်တို့ ဒီရာသီအတွက် နောက်ဆုံးသော ပွဲကြီးပွဲကောင်းကို ကစားကြမှာပါ။



ချန်ပီယံလိဂ်ဖလားမရဖူးတဲ့ မန်စီးတီးတို့ ဒီနှစ်မှာ သူတို့ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားလျက်ရှိပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးက လူအင်အား အပြတ်အသတ် အသာရနေပေမယ့် သမိုင်းကြောင်း အစဥ်အလာတွေအရ အင်တာမီလန်ကိုလည်း လျှော့မတွက်သင့်ကြောင်း သုံးသပ်ချက်တွေ ရှိနေပါတယ်။

ဒါပေမယ့် ဂွါဒီယိုလာက “လွန်ခဲ့တဲ့နှစ်နှစ်က ကျွန်တော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခု ပွဲမှာလည်း ကျွန်တော်တို့ အကောင်းဆုံး ကစားမှာပါ။ ဗိုလ်လုပွဲဆိုတာက ဒီ (၉၅) မိနစ်ကို ခင်ဗျား ဘယ်လို တုံ့ပြန်လဲဆိုတာ ကြည့်မှာဖြစ်ပါတယ်။ သမိုင်းကြောင်း အစဥ်အလာတွေကို ကြည့်ရမှာ မဟုတ်ပါဘူး”

“ကျွန်တော်တို့က ပြိုင်ဘက်ထက် ပိုကောင်းဖို့ လိုအပ်ပါတယ်။ အုပ်စုပွဲစဥ်တွေ၊ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလားတွေက ဒီနေရာမှာ ဘာမှအရေးမကြီးတော့ပါဘူး။ ကျွန်တော်တို့ ဒီပွဲမှာကိုပဲ အကောင်းဆုံး ကစားဖို့ လိုအပ်ပါတယ်။ အခုပွဲမှာ ပိုကောင်းတဲ့ တိုက်စစ်ဆင်မှုမျိုးကို လိုအပ်ပါတယ်။ ဘောလုံးရှိရှိ၊ မရှိရှိ အပြည့်အဝ အာရုံစိုက်ထားပြီး ပြိုင်ဘက်ရဲ့ချဥ်းကပ်မှုကို သေချာပေါက် အနိုင်ယူရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ လွန်ခဲ့တဲ့နှစ်နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့ဖူးပေမယ့် အဲ့ဒီအချိန်က ပြည်တွင်းပြိုင်ဘက် ချဲလ်ဆီးကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ကာ ဆုဖလားနဲ့ လွဲချော်ခဲ့ဖူးပါတယ်။ ဒီနှစ်မှာ‌တော့ မန်စီးတီးက ဗိုလ်စွဲဖို့ အကောင်းဆုံး အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ထားပြီး ဒါကို အသုံးချနိုင်ဖို့အတွက်တော့ ဂွါဒီယိုလာတစ်ယောက် အားခဲထားမှာပါ။ 

Share

Loading Next Article...
က္က