နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖီဖာရဲ့ The Best ဆုအတွက် ဆန်ခါတင်စာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ ပေါ်တူဂီနဲ့ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဖီဖာရဲ့အထူးဆုချီးမြှင့်မှုကို ရရှိခဲ့ပါတယ်။ အမျိုးသားဘောလုံးသမားတွေထဲမှာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရော်နယ်ဒိုက စံချိန်တင်နိုင်ခဲ့တာကြောင့် အခုလိုမျိုး အထူးဆုပေးအပ်ချီးမြှင့်ခဲ့တာလို့လည်း သိရပါတယ်။ 

ဒါဟာ ဒီဆုပေးအပ်ခဲ့တဲ့ သမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အထူးဆုတခုကို ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။ The Best ဆုကို ၂ကြိမ်တိုင်တိုင်ဆွတ်ခူးဖူးတဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၁၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် အီရန်တိုက်စစ်မှူးဟောင်းအလီဒါယေးကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီဆုကို လက်ခံရယူအပြီးမှာ ရော်နယ်ဒိုက "ကျနော်အရမ်းပျော်ရွှင်ပါတယ်၊ ဒါက ကျနော့်အတွက် အကောင်းဆုံးဂိုးသွင်းသူဖြစ်ခဲ့တဲ့ အထူးဆုပါပဲ၊ ဒါက ကြီးမားတဲ့အောင်မြင်မှုလည်းဖြစ်ပါတယ်၊ ဒါကြောင့် အရမ်းဂုဏ်ယူမိတယ်၊ တနေ့မှာ ကျနော်နံပါတ်တစ်ဖြစ်လာမယ်လို့ မထင်ခဲ့ပါဘူး၊ ဒါက ကျနော့်အတွက် အရမ်းဂုဏ်ယူစရာပါ၊ ထာ၀ရဂိုးသွင်းအများဆုံးကစားသမားဖြစ်ရတာ တကယ်ကောင်းမွန်ပါတယ်"

"ကျနော်နဲ့ အသင်းဖော်ဖြစ်ခဲ့သူအားလုံးကို ကျေးဇူးတင်စကားပြောချင်ပါတယ်၊ လက်ရွေးစင်အသင်းအတွက် ကျနော်စကစားပေးချိန်ကစပြီး အခုချိန်ထိပါ၊ ကျနော့်မိသားစု၊ ကျနော့်ဇနီးနဲ့ ကလေးတွေကိုရောပေါ့၊ ရှေ့ဆက်ပြီးလည်း ကျနော်ကြိုးစားနေဦးမှာပါ၊ ကျနော် နောက်ဘယ်နှစ်နှစ် လောက်ကစားဦးမှာလဲလို့ လူတွေကမေးကြပြီး နောက်ထပ် ၄၊ ၅ နှစ်လောက် ကစားဖို့မျှော်လင့်ထားပါတယ်၊ ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်မယ်ဆိုရင် လိုအပ်ချိန်မှာ ခန္ဓာကိုယ်က ပြန်ပေးစွမ်းမယ်လို့ထင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဖီဖာရဲ့ တနှစ်တာအကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ မက်ဆီ၊ ဟာလန်း၊ လီဝန်ဒေါစကီးတို့နဲ့အတူ ရွေးချယ်ခံခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က