ကွန်တီဟာ မွေးရပ်မြေ အီတလီနိုင်ငံက ဆေးရုံမှာ ကုသမှု ခံယူနေရင်းနဲ့ ၎င်းရဲ့ ကြယ်ပွင့်ကစားသမားကို ဖုန်းခေါ်ဆိုပြီး မယုံနိုင်ဖွယ် အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြ အန်တိုနီယို ကွန်တီဟာ တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် ဖြစ်လာခဲ့တဲ့ ဟာရီ ကိန်းကို ပွဲအပြီးမှာ ဖုန်းခေါ်ဆိုခဲ့ပါတယ်။

ဟာရီ ကိန်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် စပါးစ်ဂန္တဝင် ဂျင်မီ ဂရိဗ်စ်ထက် ၁ ဂိုးအသာ ၂၆၇ ဂိုးနဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ လည်း ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ စပါးစ်ကွင်းလယ်ကြယ်ပွင့် ဟော့ဗျ်က ပင်နယ်တီဧရိယာအပြင်ဘက်က ရိုဒရီဆီကနေ မတိကျတဲ့ ပေးပို့မှုကို ကြားဖြတ်ရယူပြီး ဟာရီ ကိန်းကို ခင်းပေးခဲ့ရာမှာ စပါးစ်တိုက်စစ်မှူးက အီဒါဆန် ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဟာရီ ကိန်းဟာ တော့တင်ဟမ်ဟော့စပါး အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး အထင်ကရ မိုင်တိုင်တစ်ခုကို ရောက်ရှိခဲ့ပြီးနောက် အားပါးတရ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

နည်းပြကွန်တီဟာ သည်းခြေအိတ် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် အနားယူနေရတာကြောင့် မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကွင်းဘေးစည်းကနေ မကြီးကြပ်နိုင်ခဲ့ဘဲ လက်ထောက်နည်းပြ ခရစ်ရှန် စတယ်လီနီက ပွဲကို တာဝန်ယူ ကြီးကြပ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွန်တီဟာ မွေးရပ်မြေ အီတလီနိုင်ငံက ဆေးရုံမှာ ကုသမှု ခံယူနေရင်းနဲ့ ၎င်းရဲ့ ကြယ်ပွင့်ကစားသမားကို ဖုန်းခေါ်ဆိုပြီး မယုံနိုင်ဖွယ် အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။


အဝတ်လဲခန်းထဲမှာ ထိုင်နေတဲ့ ဟာရီ ကိန်းကို ဖုန်းထဲကနေ စကားပြောဆိုရာမှာ ကွန်တီက အင်္ဂလန်အသင်းခေါင်းဆောင်ကို "မင်း ငါ့ကို ဂုဏ်ယူရအောင် လုပ်နိုင်ခဲ့ပြီ"လို့ ပြောကြားခဲ့တာကို ကြားခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က