သမီးလေး သုံးယောက် စလုံးက တော့ အ ဖေနဲ့ အ မေဆီက ရုပ်ရည်အ မွေ ရရှိထားတာပါ။

သရုပ်ဆောင်ဇေယျာအောင်ရဲ့သမီးချောလေး ၃ဦးစလုံးက အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်တဲ့အကြောင်း ဇေယျာအောင်က အသိပေးလာပါတယ်။ 



သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဇေယျာအောင်နဲ့ လှိုင်ဖြူဖြူထွဏ်းတို့ရဲ့ သမီးချောလေး ၃ဦးစလုံးကတော့ လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းလွန်းသူလေးတွေပဲ ဖြစ်ပြီး မိဘနှစ်ပါးစလုံးရဲ့အနုပညာအမွေကိုရရှိထားသူလေးတွေပဲ ဖြစ်ပါတယ်။ သမီးချောလေးတွေဖြစ်ကြတဲ့ Smile ၊ Snow၊ နဲ့ Sweety လေးတို့အကြောင်းကိုတော့ "အခုအစ်ကိုတို့က နယ်ဘက်မှာ ရိုက်ကူးရေးလုပ်နေတာပါ။ သမီးလေးတွေ ပါဝင်ထားတဲ့ "တာဝန်ကျေတဲ့သူငယ်ချင်း' ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ထွက်သွားပါပြီ။ နောက်ထပ် ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ဖြစ်နေပါတယ်။ ပြီးတော့ထိုင်းဘက်က အချိုရည်ကြော်ငြာလေးလည်းရိုက်ပေးဖို့ရှိပါတယ်။ သမီး ၃ယောက်မှာတော့ တစ်ယောက်တစ်မျိုးစီ တော်ကြပါတယ်။ ဒါပေမယ့် အငယ်ဆုံးလေး Sweety လေးကတော့ ပိုသွက်တော့ အားလုံးက သူ့ကိုဆို ပိုသတိထားမိကြတယ်။ အကြီးနှစ်ယောက် အမြွှာလေးတွေကတော့ အငယ်ဆုံးထက်တော့ငြိမ်တယ်။ ဒါပေမယ့် ၃ယောက်စလုံး Talent ရှိကြပါတယ်"လို့ သရုပ်ဆောင် ဇေယျာအောင်က သမီးလေးတွေရဲ့အနုပညာပိုင်းနဲ့ပတ်သက်လို့ ပြောပြပါတယ်။ 

Photo- Zayer Aung FB

သရုပ်ဆောင် ဇေယျာအောင်နဲ့ လှိုင်ဖြူဖြူထွဏ်းတို့ဆီက ရုပ်ရည်အမွေကိုလည်း ရရှိထားတဲ့ သမီးချော ၃ ယောက်ကို ထိန်းသိမ်းစောင့်ရှောက်မှုအပိုင်းတွေကိုလည်း အခုလိုပဲ ပြောပြလာပါတယ်။ 

"သမီးအကြီးလေးနဲ့ အလတ်လေးက ၁၅ နှစ် အငယ်ဆုံးလေးက ၁၃ နှစ် ပေါ့နော်။ သူတို့ကို သင်ပေးထားတာတော့ မိဘနဲ့လွတ်လွတ်လပ်လပ် Freedom ဆက်ဆံရေးမျိုးပါ။ သူငယ်ချင်းလိုလည်း ပေါင်းပါတယ်။ ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်းပြောဖို့လည်း မှာထားပြီးသားပါ။ ကောင်းတာလုပ်ရင် ကောင်းတဲ့အတိုင်းသွားမယ် ။ မကောင်းတာ လုပ်ရင်တော့ မကောင်းတဲ့အတိုင်းသွားမှာပေါ့။ ဘယ်အရာမဆို မိဘမသိအောင်တော့ မလုပ်နဲ့ပေါ့။ နောက်ဆုံးသမီးတွေ ရည်းစားထားတာ အိမ်ထောင်ပြုတာအထိ လိုက်ကြည့်ပေးမယ်။ မိဘမသိအောင်တော့မလုပ်နဲ့။ ဘာလို့လဲဆိုတော့ အမှားများမှာစိုးလို့ပါ။ သမီးတွေရည်းစားထားချင်လား။ ဖေဖေကိုယ်တိုင်ဝေဖန်ပေးမယ်။ ဆုံးဖြတ်ပေးမယ်။ အခုကတော့ သမီးလေးတွေက ငြိမ်ပါတယ်။ သမီးတွေရော မိန်းမကိုရော သဝန်တိုတဲ့အထဲပါတယ်။ သမီးတွေရဲ့ဘဝလက်တွဲဖော်ကို ဘယ်လို သတ်မှတ်ထားလဲဆိုတော့ ချမ်းသာဖို့မလိုဘူး။ အရည်အချင်းရှိဖို့လိုတယ်။စိတ်ကောင်းရှိဖို့လိုတယ်။ဖေဖေလိုမျိုးသမီးတို့ကိုချစ်နိုင်မလား။ မိသားစုအပေါ် တာဝန်ကျေနိုင်မလား။ အဲ့လိုမျိုးကိုတော့ ရွေးချယ်စေချင်တာပေါ့လေ"ဆိုပြီး သမီးတွေနောင်ရေးနဲ့ပတ်သက်ပြီး ပြောပြပေးခဲ့ပါတယ်။ 

Photo- Zayer Aung FB

သမီးသုံးယောက်အပေါ် အရာရာလွတ်လွတ်လပ်လပ်ဆက်ဆံပြောဆိုပေမယ့် ဘာသာရေးနဲ့ပတ်သက်ရင်တော့ ကိုင်းရှိုင်းမှုရှိဖို့နဲ့ မိဘဆရာသမားအပေါ် လေးစားကိုင်းရှိုင်းဖို့ကိုတော့ တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။ 

Photo- Zayer Aung FB

သရုပ်ဆောင် ဇေယျာအောင်နဲ့ သရုပ်ဆောင် လှိုင်ဖြူဖြူထွဏ်းတို့ကတော့ ၂၀၀၆ခု နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး ၂ဝဝ၇ ခုနှစ်မှာတော့ အမြွှာလေးတွေဖြစ်ကြတဲ့ Smile နဲ့ Snow တို့ကို မွေးဖွားခဲ့ကြတာဖြစ်ပြီး နောက်၂နှစ်အကြာမှာတော့ သမီးငယ်လေး Sweety ကိုမွေးဖွားခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ အိမ်ထောင်သက်ကတော့အခုဆိုရင် ၁၆နှစ်ပြည့်ခဲ့ပြီးဖြစ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က