သရုပ်ဆောင် နန္ဒက သူ့ရဲ့ ကိုနန္ဒထောပတ်ထမင်းကို သမီးလေးနာမည်နဲ့ ပြောင်းလိုက်တဲ့အချိန်မှာ ပိုမိုရောင်းအားကောင်းလာကြောင်း သမီးအတွက် ဂုဏ်ယူစွာနဲ့ ပြောပြလာပါတယ်။
"ကိုနန္ဒ ထောပတ်ထမင်းနဲ့စနိုးဦးထောပတ်ထမင်းက အတူတူပါပဲ။ အစ်ကိုတို့မှာသမီးလေးတစ်ယောက်ပဲရှိတော့ သူ့အတွက် အလုပ်လေးတစ်ခုရှိနေစေချင်တယ်။ အဲ့ဒီအတွက် ထောပတ်ထမင်းဘူးအဖုံး က Sticker ကိုနန္ဒဆိုတဲ့ နာမည်အစား သမီးလေးနာမည် စနိုးဦးဆိုတာလေးနဲ့သွားဖြစ်တယ်။ Customer တွေအနေနဲ့ စနိုးဦးPage မှာပဲ မှာမှာ၊ ကိုနန္ဒ Page မှာပဲမှာမှာ အတူတူပဲပေါ့နော်။ သမီးလေးက ဒီအလုပ်လုပ်နေရတာ ပျော်တယ်။ သူကလည်းမိဘတွေရဲ့အရိပ်အခြည်ကိုသိတယ်။ Seafood City မှာဆိုလည်း Live ရောင်းတော့သူ့ခေါ်သွားတယ်။ သိသာတယ်။ ကိုယ်တစ်ယောက်တည်း ရောင်းတာထက် သူနဲ့အတူရောင်းတော့ ပိုရောင်းရတယ်။ အစ်ကိုတို့အတွက်တော့ Lucky Girl လေးပါ"ဆိုပြီး သရုပ်ဆောင်ညီနန္ဒကသမီးလေးအကြောင်းကို ပြောပြပါတယ်။
Photo-Nyi Nanda FB
အသက်.၁၀နှစ်သာ ရှိသေးတဲ့ စနိုးဦးလေးက ငယ်ရွယ်သေးပေမဲ့ မိသားစုစီးပွားရေးကို တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီပေးနေသူလေးပါ။ စနိုးဦးထောပတ်ထမင်းကို ဧပြီလက စတင်ရောင်းလာခဲ့ရာက စားသုံးသူတွေရဲ့တခဲနက်အားပေးမှုကို ပြန်လည်ရရှိထားတာကြောင့် မိသားစုဝင်ငွေ တည်ငြိမ်တဲ့အနေအထားတစ်ခုကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
"ထောပတ်ထမင်းက ဧပြီ ၁ရက်နေ့ စရောင်းကတည်းကိုက ဒီနေ့အထိကို ပွဲ ၁၀၀အောက်ရောက်တာ ၄ရက်ပဲရှိတယ်။ တော်တော်ကိုရောင်းကောင်းတာ။ အမြဲတမ် းPost တင်ဖို့ကျတော့လည်း အချိန်နဲ့အချိန်အခါ ရှိတယ်။ အမြဲတမ်းကျတော့လည်းမတင်ဖြစ်ဘူး။ ဒီ အလုပ်လေးက အကျိုးပေးပါတယ်"ဆိုပြီးသရုပ်ဆောင်ညီနန္ဒကပြောပြလာပါတယ်။
Photo-Nyi Nanda FB
ထောပတ်ထမင်းကို ယခင် ၃၅၀၀ ကနေ ယခု ၄၀၀၀ နဲ့ ရောင်းနေတယ်လို့ သိရပါတယ်။ စျေးနှုန်းတွေ အဆမတန်တက်နေတာကြောင့် အရင်လောက် အကျိုးအမြတ်မကျန်ပေမဲ့ မရှုံးသေးတဲ့အတွက် ဒီအတိုင်းလေးပဲ ထိန်းရောင်းနေတယ်လို့လည်း သူက ပြောပြပါတယ်။
Photo-Nyi Nanda FB
သရုပ်ဆောင်ညီနန္ဒရဲ့ ကိုနန္ဒထောပတ်ထမင်းကို ၂၀၂၀ခု နှစ်ကစပြီး ရောင်းချခဲ့ရာက စားသုံးသူတွေရဲ့တခဲနက်အားပေးမှုကြောင့် ပွဲရေရာကျော်ရောင်းချနေခဲ့ရာက တစ်နှစ်ခန့်စီးပွားရပ်နားလိုက်ရပြီးတဲ့နောက် စနိုးဦးထောပတ်ထမင်းနာမည်နဲ့ ထပ်မံပြီးရောင်းချခဲ့ရာမှာလည်း အားပေးသူတွေ ပိုမိုတိုးပွားလာကာ အောင်မြင်နေတဲ့စီးပွားတစ်ခုဖြစ်နေတာပဲ ဖြစ်ပါတယ်။