အ ဖေနဲ့ စိတ်ရော လူရော ပုံစံရော တစ်ပုံစံတည်းတူနေတယ်လို့လည်း ဖခင်ဖြစ်သူက ပြောပါတယ်။

ခေတ်ဆည်းဆာဟာ အဖေသွေးပါတဲ့ သမီးလေး ဖြစ်တာကြောင့် အနုပညာပိုး ရှိနေပြီးသားဖြစ်ပြီး မင်းသမီးလုပ်မယ်လို့ အမြဲ ပြောကြောင်းလည်း ‌သရုပ်ဆောင် နိုင်လူကပြောပြပါတယ်။ "အနုပညာအလုပ်ကတော့သူအရမ်းဝါသနာပါတယ်။ ကိုယ့် အသွေးအသားလည်း ဖြစ်နေတော့ သူကတော့သွေးပါပြီးသားပေါ့နော်။ ပြောလိုက်ရင်တော့ မင်းသမီးဖြစ်ချင်တယ်။ အဆိုတော်လည်း ဖြစ်ချင်တယ်ကတော့ ပြောနေတုန်း ပါပဲ " ဆိုပြီး သမီးလေးခေတ်ဆည်းဆာအကြောင်းကိုပြောပြခဲ့ပါတယ် ။

အသက် ၆ နှစ် ပြည့်တော့မှာ ဖြစ်တဲ့ ခေတ်ဆည်းဆာက အပြောအဆို၊ အနေအထိုင်နဲ့ စိတ်တွေကအစ အဖေနဲ့ တစ်ပုံစံတည်းတူလာတဲ့ အကြောင်းကိုလည်း နိုင်လူက ပြောပါတယ်။ "တဖြည်းဖြည်းနဲ့ သမီးလေးက ဦးနိုင်လူနဲ့ပိုတူလာတယ်။ အဖေချစ်သမီးလေးလည်းဖြစ်တာပေါ့နော်။ သွားတာ၊ လာတာ ၊ နေတာထိုင်တာ၊ စကားပြောပေါက်တွေကအစ ဦးနိုင်လူနဲ့တူတယ်"လို့ ပြောပါတယ်။ အနုပညာပိုးပါပြီးသားဖြစ်တဲ့ ခေတ်ဆည်းဆာလေးကတော့ ရုပ်ရှင်ကြည့်တာ၊ သီချင်းဆိုတာနဲ့ ကရတာတွေကိုလည်း ဝါသနာပါတဲ့ကလေးလေးတစ်ယောက်လည်းဖြစ်ပါတယ်။

ဒါပေမယ့် လတ်တလောမှာတော့ ကလေးပညာရေးပိုင်းသာ အဓိက ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး သူ့မှာ ပါလာတဲ့ အနုပညာဗီဇကို ကြည့်ကာ သူရွေးချယ်ချင်တဲ့ လမ်းကြောင်းကို ဆက်ပြီး ပံ့ပိုးမှာဖြစ်တယ်လို့ ဖခင်ဖြစ်သူ နိုင်လူက ပြောပါတယ်။

"ကလေးကိုတော့ပညာရေးကိုပဲအဓိက ပံ့ပိုးပေးသွားမယ်။ သူကအနုပညာပိုးပါလာရင်တော့ သူလုပ်ချင်တဲ့လမ်းကြောင်းကိုပံ့ပိုးပေးသွားမှာပါ။ ဒါပေမယ့်ကလေးက အနုပညာပိုင်းဝါသနာပါလာရင်တော့ပံ့ပိုးပေးသွားမှာပါ။ သူကတော့ အိမ်မှာဆို သီချင်းတွေဆိုတယ်။ ပြီးတော့ဇာတ်ကားတွေကြည့်ပြီး သရုပ်ဆောင်နေတာပဲ"ဆိုပြီး ဖခင်ဖြစ်သူ နိုင်လူ သမီးလေးရဲ့အနုပညာပိုးနဲ့ပတ်သက်ပြီး ပြောပြလာပါတယ်။ 

Photo- Naing Lu FB

သရုပ်ဆောင် နိုင်လူကတော့ သားသမီး ၃ဦးရှိပြီး ခေတ်ဆည်းဆာကတော့ အငယ်ဆုံးသမီးလေး ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ 

၂၀၂ဝခု နှစ်တုန်းက သရုပ်ဆောင်ထက်ထက်မိုးဦးနဲ့ တွဲဖက်ပြီး ကြော်ငြာတွေရိုက်ကူးခဲ့တာမျိုးရှိခဲ့ပေမယ့်လည်း Covid ရောဂါအခြေအနေတွေနဲ့အတူ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကြောင် ဆည်းဆာက အနုပညာအလုပ်ကိုရပ်နားခဲ့တာ ဖြစ်ပြီး အခုဆိုရင် Green International Home School မှာ KG တန်းကိုတက်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။






Share

Loading Next Article...
က္က