ဘာကိုမှ မမတ်မောပါဘူး။

ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် နိုင်လူဟာ မိသားစုကို အရမ်းတန်ဖိုး ထား သူတစ်ယောက်ပါ။ လက်ရှိမိသားစုဟာ သူ့အတွက် ဒုတိယ မိသားစု ဖြစ်ပေမယ့်လည်း ဇနီးရဲ့ မေတ္တာ တရား ကြီးမားမှုတွေကြောင့် ဒီမိသားစုလေးဟာ သူ့ဘဝအတွက် နောက်ဆုံး မိသားစုလေး တစ်ခု ဖြစ်တယ်လို့ Duwun ကို ပြောပြခဲ့ပါတယ်။

“ဦးနိုင်လူတို့က အသက်(၄၀)ကျော်မှ တွေ့ခဲ့ကြတာ ငယ်ရွယ်တဲ့အချိန်မှာ ပေါင်းဖတ်ခဲ့တဲ့ အိမ်ထောင်ဖတ် မဟုတ်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု နဲ့ တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးမှုပေ့ါ အဲ့ထဲမှာမှ မေတ္တာတရားက အခြေခံပေ့ါ။ ကိလေသာဆိုတဲ့ တဏှာ၊ ကာမစိတ်နဲ့ ပေါင်းဖတ်ဖို့ ယူခဲ့ကြတာ မဟုတ်ဘူး။ သူကဦးနိုင်ကို အရမ်းချစ်တယ်သဝန်လည်း အရမ်းတိုတယ်။ သူရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ဦးနိုင်တန်ဖိုးထားတယ်။ ဦးနိုင်ရဲ့ ဘဝမှာ ဒီမိသားစုလေးက နောက်ဆုံး မိသားစုလေး ဖြစ်ပြီးတော့ အမျီုးသမီးကလည်း ဦးနိုင်အတွက် နောက်ဆုံး အိမ်ထောင်ပါပဲ” လို့ ဇနီးပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ရင်ဖွင့် ပြောပြခဲ့ပါတယ်။

Photo : NaingLu FB

နိုင်လူဟာ သူရဲ့ ဘဝမှာ ကိုယ်ချစ် ဆိုတဲ့ ချစ်ခြင်းမျိုးနဲ့ပဲ ကြုံဆုံခဲ့ရသူ ဖြစ်တာကြောင့် အခုလို သူချစ်မျိုးကို ပိုင်ဆိုင်ထားရတဲ့အချိန်မှာ ဇနီးရဲ့ ချစ်ခြင်းမေတ္တာတွေကို အရမ်းတန်ဖိုးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သရုပ်ဆောင် နိုင်လူရဲ့ ဇနီး ဟာ ကျန်းမာရေး သိပ်မကောင်းတာကြောင့် ဇနီးကိုလည်း ဂရုစိုက်ပေးနေရပြီး ဇနီးအတွက် လိုအပ်တာတွေ အကုန် ပံ့ပိုးဖြည့်ဆည်းနိုင်ဖို့ကိုလည်း ကြိုးစားနေကြောင်း ပြောပြခဲ့ပါသေးတယ်။


“အမျိုးသမီးက အသက်(၅၀)လေ  သမီးလေးကို မွေးတဲ့ အချိန်က ဆီးဆိပ် အရမ်း တက်ခဲ့တော့ ဘုရားတရား ရဲ့ ကျေးဇူးကြောင့် အသက်မသေခဲ့ဘူး။ ခါး ချဥ်ဆီတော့  ဖောက်ခဲ့ရတယ်။ အခုသမီးလေးက (၇)နှစ်ထဲ ရောက်လာတော့လက္ခဏာ ပြန်ပြတာပေ့ါ။ အခုလက်ရှိကလည်း သွေးပေါင်ချိန်တွေ ပြန်တက်နေတော့ Medical checkup ပြန်လုပ်နေရတယ်။ အခုတော သူ့ကို အနားပေးထားရတယ်။ သမီးလေးကို မွေးပြီး ဆေးရုံ တက်နေရတဲ့ အချိန်တွေဆိုရင် ရက်ပေါင်း(၃၄) ရက်ကြာတယ်။အဲ့ဒီ အချိန်တွေက  ဦးနိုင်အရမ်း စိတ်ညစ်ခဲ့ရတာ ငွေကြေးကုန်ကျလို့ မဟုတ်ဘူး သူတစ်ခုခု ဖြစ်သွားမှာ အရမ်းကြောက်တာ။ဆေးရုံဆိုတဲ့ အသံကို မကြားချင်တော့တာ။ဦးနိုင်က သူ့အပေါ် အရမ်း သံယောဇဥ်ကြီးတယ် သူတစ်ခုခု ဖြစ်သွားမှာ အရမ်းကြောက်တယ်။ သူရဲ့ ချစ်ခြင်းမေတ္တာကို ဦးနိုင်တန်ဖိုးထားတာဖြစ်လို့ သူကျန်းမာရေး မကောင်းလည်း သူ့ဘေးနားမှာပဲ ဦးနိုင်နေပေးမှာ။ သမီးနဲ့ ဇနီးအတွက် လိုအပ်ရင် ဦးနိုင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ကိုယ်တွင်း ကလီဆာတွေနဲ့ အသက်တောင် ပေးဖို့ ဝန်မလေးပါဘူး။ ” ဆိုပြီး အမျိုးသမီး ဆေးရုံ တက်ခဲ့တုန်းက အချိန်တွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်နိုင်လူတို့ ဇနီးမောင်နှံဟာ လက်ရှိမှာ အိမ်ထောင်သက်(၁၀)နှစ်ကျော်ထဲ ရောက်ရှိနေပြီ ဖြစ်ကာ ချစ်စရာကောင်းပြီး အဖေ့ရဲ့ အနုပညာကို လက်ဆင့်ကမ်းမယ့် သမီးလေး တစ်ယောက်လည်း ရှိလို့နေပါပြီ။ သမီးလေးနာမည်ကတော့ ခေတ်ဆည်းဆာ ဖြစ်ပါတယ်။ အခုဆိုရင် ခေတ်ဆည်းဆာလေးဟာ ပရိသတ်တွေနဲ့ ရင်းနှီးနေပြီးသားလည်း ဖြစ်သလို ဖခင် နိုင်လူအနေနဲ့ သမီးလေးဝါသနာပါရာ အနုပညာအလုပ်တွေကို ဆက်လက်ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

“အနုပညာအလုပ်ကတော့သူအရမ်းဝါသနာပါတယ်။ ကိုယ့် အသွေးအသားလည်း ဖြစ်နေတော့ သူကတော့သွေးပါပြီးသားပေါ့နော်။ ပြောလိုက်ရင်တော့ မင်းသမီးဖြစ်ချင်တယ်။ အဆိုတော်လည်း ဖြစ်ချင်တယ်ကတော့ ပြောနေတုန်း ပါပဲ။ သူဝါသနာပါရင်တော့ ဦးနိုင်ကတော့ ပံ့ပိုးပေးသွားမှာပါ” ဆိုပြီး သမီးလေး ခေတ်ဆည်းဆာ အကြောင်းကိုပြောပြခဲ့ပါတယ်။

 

သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက အနုပညာအလုပ်တွေထက် မိသားစုစီးပွားရေးကိုသာ အားစိုက်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ 


 

Share

Loading Next Article...
က္က