သမီးဖြစ်သူသာ အနုပညာအလုပ်လုပ်မယ်ဆိုရင်ပံ့ပိုးပေးဖို့အသင့်ပဲလို့ဆိုပါတယ်

သမီးငယ်လေးရွှေပိုးအိမ်သာ အနုပညာအလုပ်တွေ လုပ်မယ်ဆိုရင် အပြည့်အ၀ ပံ့ ပိုးပေးမယ့်အ ကြောင်းကို မိခင်ဖြစ်သူ သရုပ်ဆောင်ဘိုမက ပြောပြလာပါတယ်။ နာမည်ကြီး သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဘိုမမှာ ချောမောပြီး စတိုင်ခပ်မိုက်မိုက်နဲ့သမီးငယ်လေးတစ်ဦးရှိပါတယ်။

သမီးဖြစ်သူ က အနုပညာအလုပ်တွေထက် အပြင် စီးပွားရေးကိုသာ အားသန်သူမို့ အနုပညာအလုပ်တွေကိုသာ လုပ်ကိုင်မယ်ဆို အတိုင်းထက်အလွန် ဝမ်းသာမိမှာဖြစ်ပြီး ပံ့ပိုးပေးမယ့်အ ကြောင်းတွေကို ပြောပြလာပါတယ်။ 

" သမီးက သူ့မှာ အပြင်အလုပ်လည်းရှိတယ်။ အနုပညာအလုပ်ကို ဝါသနာမပါလို့တော့ မဟုတ်ပါဘူး။ အပြင်အလုပ်က မအားတဲ့အတွက် အနုပညာအလုပ်တွေ လုပ်ဖို့အချိန်မ ပေးနိုင်သလိုဖြစ်နေတာပေါ့။ အရင်ကလည်း Eatsleep Yangon မှာ Blogger လုပ်တယ်။အခုတော့ အဲ့ဒီ့အလုပ်ကို ခဏနားပြီး အပြင်က Loan တစ်ခုမှာ ရုံးပိုင်းအလုပ်ကိုလုပ် နေပါတယ်။ သူသာ အနုပညာအလုပ်တွေ ဝါသနာပါမယ်။ လုပ်ချင်စိတ်ရှိမယ်လို့ ဖွင့်ပြောလာရင် တော့ အစ်မ တကကယ်ဝမ်းသာမိမှာ၊ အစ်မကသူ့ကို လုပ်စေချင်တယ်။ အပြည့်အဝလည်းထောက်ပံ့ပေးမှာ" ဆိုပြီး သမီးဖြစ်သူ အ ပေါ် မိခင်တစ်ဦးရဲ့ စိတ်ဆန္ဒတွေကို ဖွင့်ဟခဲ့ပါတယ်။

Photo-Bo Ma Fb

သရုပ် ဆောင်ဘိုမမှာ သမီးနှစ်ဦးရှိပြီး တစ်ဦးကတော့ စင်ကာပူမှာ နေထိုင်လျှက် ရှိပါတယ်။ သမီးငယ်ရွှေပိုးအိမ်ကတော့ အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး ပြင်ပ အလုပ်အကိုင်တစ်ခုမှာ အလုပ်လုပ်လျှက်ရှိတာပါ။ ရွှေပိုးအိမ်က ပန်းချီပညာနဲ့ ပတ်သက်ပြီး ပါရမီ ရှိတဲ့အ ကြောင်းကိုတော့ "သမီးငယ်က ပန်းချီဆွဲတာ အရမ်းဝါသနာပါတယ်။ သူ ဆယ်တန်းတုန်းက ဆိုရင် ပန်းချီပြိုင်ပွဲ ဝင်ပြိုင်တာ၊ နိုင်ငံခြားကျောင်းက ကျောင်းသူ တွေရော၊ သူက အဲ့ဒီ့မှာပထမဆုရခဲ့တယ်။ ဒေါ်လာ ၉၅၀ ရတယ်။ ပန်းချီတော့ တော်တော်ဝါသနာ ပါတယ်။ ဇာတ်ကားရိုက်မလားဆိုပြီး ပြောကြည့်တော့ ဝါသနာမပါဘူးတဲ့၊၊ အတင်းအကျပ်ကြီးတော့ မ ပြောချင်ပေမယ့်သူ့ကိုတော့ အနုပညာအလုပ်လုပ်စေချင်တယ်" ဆိုပြီး ဆိုပါတယ်။ 

Photo-Bo Ma FB

သရုပ် ဆောင်ဘိုမက တော့လတ်တလောမှာ သရုပ်ဆောင် နန်းဆုဦးနဲ့ အတူ ဇာတ်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ရင်း ကမ်းလှမ်းလာတဲ့ စီးပွားရေး ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတယ်လို့သိရပါတယ်။ စီးပွားရေးအလုပ်ဖြစ်တဲ့ Skincare တွေလည်းရောင်းချ နေပြီး ကြော်ငြာနဲ့ ဇာတ်ကားလေးတွေ ရိုက်ကူးဖြစ်နေတဲ့အ ကြောင်းပြောပြလာပါတယ်။ 

Share

က္က