မင်္ဂလာပွဲကို ပူပူနွေးနွေးကျင်းပထားတာပါ။

ဆီနီဂေါလက်ရွေးစင် အသင်းခေါင်းဆောင် မာနေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇) ရက်နေ့မှာ ချစ်သူ တမ်ဘာနဲ့အတူ လက်ထပ်မင်္ဂလာပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီလိုမျိုး ကျင်းပတဲ့နေရာမှာ မာနေးက ရင်းနှီးသူတွေ၊ မိသားစုဝင်တွေ၊ အသင်းဖော်ဟောင်းတွေကိုပဲ ဖိတ်ကြားခဲ့တာပါ။



သိုသိုသိပ်သိပ် နေထိုင်လေ့ရှိတဲ့ မာနေးတစ်ယောက် မင်္ဂလာဆောင်တဲ့အချိန်မှာလည်း မင်္ဂလာပွဲကြီး ပြီးဆုံးမှသာ အားလုံးကို အသိပေးချပြခဲ့သလိုမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဟန်းနီးမွန်းကာလကို ဖြတ်သန်းခွင့် မရရှိသေးပါဘူး။

အကြောင်းရင်းကတော့ အာဖရိကဖလားပြိုင်ပွဲကြောင့်ဖြစ်ပါတယ်။ မာနေးရဲ့ ဆီနီဂေါဟာ အင်္ဂါနေ့ညပိုင်းမှာ အာဖရိကဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရမယ့် အိုင်ဗရီကို့စ်နိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါဟာ အုပ်စုအဆင့်မှာ ကင်မရွန်း၊ ဂမ်ဘီယာ၊ ဂီနီယာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ မင်္ဂလာပွဲနဲ့ပတ်သက်လို့လည်း မာနေးက “အရိုးသားဆုံးပြောရရင် သမ္မတကိုယ်တိုင်က ဂုဏ်ပြုပေးလို့ ပျော်ရွှင်မိပါတယ်”

“အသင်းဖော်တွေချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော့်ကို ဂုဏ်ပြု ဆုတောင်းပေးခဲ့ကြတဲ့ အားလုံးအတွက် ကျွန်တော် ပျော်ရွှင်မိပြီး အားလုံးအဆင်ပြေဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မာနေးဟာ ဆီနီဂေါနဲ့အတူ အာဖရိကဖလားကို ရယူဖို့ ပစ်မှတ်ထားနေပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတော့ မာနေးတစ်ယောက် ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က