သန့်ရှင်းသပ်ရပ်ပြီး အရသာလည်း ကောင်းမွန်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မလေးရှားအုန်းထမင်းကို စားသောက်ဆိုင်ကြီးတွေမှာသာ တွေ့ ရတတ်ပြီး ဈေးနှုန်းကလည်း တစ်ပွဲကို ၄၀၀၀၊ ၄၅၀၀ ခန့်လောက် ကျသင့်နိုင်ပါတယ်။ ဒါကြောင့်မို့ ဆိုင်ကြီးတွေထိ သွားစရာမလိုဘဲ လမ်းဘေးမှာပဲ အလွယ်တကူ ဝယ်စားနိုင်အောင် My Style စားသောက်ဆိုင်က အစားအသောက်တွေကို ရွေ့လျား (မိုဘိုင်း) စနစ်နဲ့ ရောင်းချပေးတဲ့ Food Truck လေးတစ်ခုအဖြစ် လူငယ်နှစ်ဦးက ဦးဆောင်ဖန်တီးလိုက်ပါတယ်။



မလေးရှားအုန်းထမင်း (Nasi Lemak) ဆိုတာ ဘယ်လိုမျိုးလဲ

Nasi Lemak ဆိုတာ မြန်မာလိုဆိုရင် အုန်းထမင်းလို့ ခေါ်ရမှာပါ။ ဒါပေမဲ့ မလေးရှားအုန်းထမင်းက မြန်မာအုန်းထမင်းနဲ့ ချက်ပြုတ်နည်း၊ အရသာ၊ ပါဝင်ပစ္စည်းတွေကအစ ကွဲပြားပါတယ်။

Nasi Lemak ဆိုတာ မလေးရှားစကားလုံးဖြစ်ပြီး အုန်းနံ မွှေးမွှေးနဲ့ထမင်း၊ ပုဇွန်ခြောက်၊ခရမ်းချဥ်သီးတို့နဲ့ ပြုလုပ်ထားတဲ့ ဟင်းအနှစ်၊ကြက်ဥပြုတ်၊ ငါးနီတူကြော်၊မြေပဲကြော်၊ ကြက်ပေါင်သားကြော် ကြွပ်ကြွပ်လေးနဲ့ တွဲဖက်စားသုံးရတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာဆို အုန်းထမင်းကို အဓိက အစားအစာအနေနဲ့ ချက်ပြုတ်စားသောက်ကြသလို လမ်းဘေးဆိုင်တွေမှာကအစ စားသောက်ဆိုင်ကြီးတွေ အဆုံး မလေး ရှားအုန်းထမင်းကို အဓိက အစားအစာအနေနဲ့ ရောင်းချကြပါတယ်။ မလေးရှားအုန်းထမင်းကို မလေးရှားနိုင်ငံမှာ မနက်စာ၊နေ့လယ်စာ၊ ညစာ အဖြစ် စားသောက်ကြတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

မြန်မာအုန်းထမင်းနဲ့မတူတဲ့ မလေးရှားအုန်းထမင်း

မလေးရှားအုန်းထမင်းကို အများစုက မြန်မာအုန်းထမင်းနဲ့ ရောတတ်ကြပါတယ်။ မြန်မာအုန်းထမင်းနဲ့ ဘာကွာလဲ ဆိုတော့ ဒီထဲမှာပါတဲ့ အနှစ်က ကွာခြားတာပါ။ မလေးရှားအုန်းထမင်းရဲ့ အဓိက အရသာကတော့ ပါဝင်တဲ့ အနှစ်ပါ။ တချို့က ဟင်းအနှစ်ကို နယ်စားကြသလို တချို့ကျတော့လည်း အဆင်ပြေသလို မိမိနှစ်သက်သလို စားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အုန်းထမင်းကို ကြက်သားဟင်းနဲ့ အများဆုံးတွဲစားကြသလို မလေးရှားမှာတော့ ဟင်းမျိုးစုံနဲ့ တွဲဖက်စားသုံးကြလေ့ ရှိပါတယ်။

Nasi Lemak ကို Street Food အဖြစ်မိတ်ဆက်ပေးချင်တဲ့ လူငယ်နှစ်ဦး

“ကျွန်တော်တို့က My Style ဆိုတဲ့ ဆိုင်လေးမှာ အမြဲစားဖြစ်တယ်။ အဲဒီဆိုင်မှာ ရောင်းတဲ့ Nasi Lemak လို့ ခေါ်တဲ့ မလေးရှားအုန်းထမင်းက ရန်ကုန်မှာ Street Food အနေနဲ့ မရှိသေးဘူးပေါ့နော်။ မလေး ရှားအုန်းထမင်းက မြန်မာပြည်က လူတွေအတွက်လည်း နည်းနည်း စိမ်းတယ်။နောက်ပြီး ဒီကာလမှာ အခက်အခဲလည်းဖြစ်နေတော့ အလုပ်လေးတစ်ခုခုလုပ်ဖို့ စဥ်းစားကြရင်း Mobile Catering အဖြစ်နဲ့ စလုပ်ဖြစ်တာပါ” လို့ မလေးရှားအုန်းထမင်းကို Food Truck လေးနဲ့ လိုက်လံရောင်းချနေတဲ့ လူငယ်နှစ်ဦးက ပြောပါတယ်။


ကောင်းမွန်တဲ့ အရသာလည်းဖြစ်ရမယ်။ ဒီကာလမှာ လူတိုင်းကလည်း ခက်ခဲနေတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ လည်း ရောင်းချင်တယ်။ သန့် ရှင်းသပ်ရပ်မှုလည်း အဓိကထားပြီးလုပ်ချင်တယ်။ ဒါကြောင့်မို့ တစ်ပွဲကို ၃၅၀၀ နဲ့ ရောင်းပါတယ်။ မလေးမှာလိုတော့ ဟင်းမျိုးစုံံနဲ့တော့မဟုတ်သေးဘူး။ ဒီမှာ ကြက်ကြော်၊ ကြက်ဥကြော်နဲ့ ကြက်သားပြားကြော် ၃ မျိုးနဲ့ ရပါတယ်။” လို့ ဆိုပါတယ်။

သင့်အိမ်ရှေ့အထိအရောက်လာမယ့် Nasi Lemak

မလေးရှားအုန်းထမင်း (Nasi Lemak) ကို စားရဖို့ဆို ဆိုင်ကြီးတွေအထိ တကူးတကသွားဖို့ မလိုဘဲ မိမိ အိမ် ရှေ့မှာပဲ စားနိုင်တဲ့အထိ အိမ်အရောက်ဝန်ဆောင်မှုပေးချင်တာကြောင့် အခုလို မိုဘိုင်းစနစ်နဲ့ ရောင်းချပေးနေတာလို့ ဆိုပါတယ်။ နောက်ပိုင်းမှာဆို တစ်နေရာတည်းမှာတင်မဟုတ်ဘဲ ရန်ကုန်မြို့ ရဲ့ နေရာစုံမှာ မလေးရှားအုန်းထမင်းကို Mobile Catering အဖြစ်နဲ့ ရောင်းနိုင်အောင် စီစဥ်ထားကြတာပါ။ 

“ Nasi Lemak ဖြစ်တဲ့ မလေးရှားအုန်းထမင်းကိုလည်း Street Food အဖြစ်နဲ့ ဖောက်ချင်တယ်။ ဒီမှာက Street Food ဆို တစ်နေရာတည်းမှာပဲ ရောင်းကြတာများတယ်။ ကျွန်တော်တို့က အဲဒီလိုမဟုတ်ဘဲ ရွေ့လျားစနစ်နဲ့ ရောင်းကြမလားပေါ့နော်။ အဲဒီအခါမှာ ကုမ္ပဏီဝန်ထမ်းတွေစုပြီး စားချင်သလား သူငယ်ချင်းတွေက သူတို့ အိမ်‌ ရှေ့မှာ စားချင်သလား အဲဒီလိုမျိုး အိမ်တိုင် ရာ ရောက် ဝန်ဆောင်မှုအနေနဲ့ ရောင်းပေးလို့ ရအောင် မိုဘိုင်းစနစ်နဲ့ ရောင်းပေးကြမလားဆိုပြီး စမ်းလုပ်ကြတာပါ၊ Mobile Catering အနေနဲ့ တစ်နေရာတည်းမှာမဟုတ်ဘဲ အခြားနေရာတွေမှာပါ ဝန်ဆောင်မှုပေးနိုင်အောင် ပြောရရင် အိမ်ရှေ့အထိ ဝန်ဆောင်မှုပေးနိုင်အောင် ရုံးဆိုလည်း ရုံးအထိ ဝန်ဆောင်မှုပေးနိုင်အောင် လုပ်ဖြစ်ခဲ့တာပါ။” လို့ ဦးဆောင်သူ လူငယ်တစ်ဦးဖြစ်တဲ့ ကိုအောင်နိုင်ဦးက ဆိုပါတယ်။

Nasi Lemak စားချင်တယ်ဆိုရင်

ါကြောင့်မို့ မလေးရှားအုန်း (Nasi Lemak) ထမင်းစားချင်တယ်ဆိုပါက လှည်းတန်းစိန်ဂေဟာ အနီးတစ်ဝိုက်မှာ ညနေ ၄ နာ ရီကနေ ည ၇ နာရီအထိ Food Truck လေး ရှိမှာဖြစ်ပြီး ဖုန်းဆက်မှာယူချင်တယ်ဆိုပါက ဖုန်းနံပါတ် - ၀၉၇၈၃၆၆၃၁၂၁၊ ၀၉၇၇၃၃၂၁၇၁၀ တို့ကို ဆက်သွယ်မှာယူနိုင်သလို မလေးရှားအုန်းထမင်းအပြင် အုန်းနို့ခေါက်ဆွဲ၊ ပြည်ပလာတာ၊ ချစ်တီးထမင်း၊ ကိုးရီးယားကြက်ကြော် စတာတွေကိုလည်း ကြိုတင်အော်ဒါမှာယူနိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က