လက်ရှိနေထိုင်နေတဲ့ နေအိမ်ဟာ ယူနိုက်တက်က စီစဉ်ပေးထားတာလို့ သိရပြီး သိုးအုပ်ရောက်ရှိလာပြီးနောက်မှာ နေအိမ်ပြောင်းရွှေ့နိုင်ဖို့ ကစားသမားဘက်က တောင်းဆိုခဲ့ပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ၂၃ ဧကကျယ်ဝန်ပြီး အိပ်ခန်း ၇ ခန်းပါဝင်တဲ့ နေအိမ်မှာ နေထိုင်နေရာကနေ အိမ်ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ နေအိမ်အနီးနားကို သိုးအုပ်တွေရောက်ရှိလာခဲ့ပြီး ဆူညံလွန်းတဲ့အသံတွေကြောင့် ကောင်းကောင်းမွန်မွန်နေထိုင်လို့မရတာကြောင့်ဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
လက်ရှိနေထိုင်နေတဲ့ နေအိမ်ဟာ ယူနိုက်တက်က စီစဉ်ပေးထားတာလို့ သိရပြီး သိုးအုပ်ရောက်ရှိလာပြီးနောက်မှာ နေအိမ်ပြောင်းရွှေ့နိုင်ဖို့ ကစားသမားဘက်က တောင်းဆိုခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ သိုးအုပ်အသံတွေကြောင့် အိပ်စက်နေရာကနေ မကြာခဏနိုးလာခဲ့ပြီး ရေရှည်မှာ သူ့ရဲ့ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုပိုင်းကို ထိခိုက်နိုင်တဲ့ အလားအလာတွေရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။
ကစားသမားဘဝမှာ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုပိုင်းအပေါ် အာရုံစိုက်လွန်းတဲ့ ရော်နယ်ဒိုအတွက်တော့ သိုးအုပ်တွေက စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ၂ ပွဲကစားပေးထားပြီး ၃ ဂိုးအထိ သွင်းယူပေးကာ ခြေစွမ်းပြနေပြီး အဓိကတိုက်စစ်မှူးအဖြစ် ဆိုးလ်ရှားက အသုံးပြုနေပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ ကစားသွားရဖို့ ရှိနေပါတယ်။