ရန်ကုန်မှာတွေ့ရနည်းတဲ့မြန်မာမုန့်တွေရတဲ့ဆိုင်‌‌လေးပါ။

ရန်ကုန်မှာရောင်းတာတွေ့ရနည်းသွားပြီဖြစ်တဲ့ မြန်မာမုန့်တွေအပါအ၀င် မြန်မာမုန့်အမျိုးအစားစုံရနိုင်တဲ့ ‌‌ဒေါ် မူမူမြန်မာမုန့်ဆိုင်လေးပါ။



ဒေါ် မူမူမြန်မာမုန့်ဆိုင်လေးအစ

မြန်မာမုန့်အမျိုးအစားအစုံကို ကိုယ်တိုင်လုပ်ရောင်းတဲ့ ဒေါ်မူမူမြန်မာမုန့်မျိုး စုံဆိုင်လေးပါ။ဆိုင်သက်တမ်း(၁၅နှ)စ်ရှိပါပြီ။စရောင်းတုန်းကမုန့်(၆)မျိုး လောက်ပဲလုပ်ခဲ့တာကနေ မုန့်အမယ်တွေတိုးလာပြီး လက်ရှိမှာတစ်ရက်ကို မြန်မာမုန့်အမျိုးစား(၁၂)မျိုးလောက်ထိရပါတယ်။

“မုန့်ကအစုံလုပ်တက်တယ်။နယ်မှာနေထဲကမြန်မာမုန့်ပဲလုပ်ရောင်းခဲ့တာ ရန်ကုန်ရောက်လာတော့လည်း ကိုယ်တက်ကျွမ်းတဲ့မြန်မာမုန့်ပဲဆက်လုပ် ပြီးမိသားစုရပ်တည်ခဲ့တာ”ပါလို့ ဆိုင်ရှင်ဒေါ် မူမူကပြောပါတယ်။

ရန်ကုန်မှာတွေ့ရနည်းတဲ့မုန့်တွေလည်းရ

ဘိန်းမုန့်အိုးကြီးဖုတ်လိုမျိုး ရန်ကုန်မှာရောင်းတာသိပ်မတွေ့ရတော့  တဲ့မြန်မာမုန့်လေးတွေလည်းဒီဆိုင်မှာရပါတယ်။

စျေးချိုတဲ့မုန့်ဆိုင်လေးလို့သိကြ

ဆိုင်မှာရှိတဲ့မုန့်မျိုးစုံကြိုက်တာယူ သုံးတုံးတစ်ထောင်နဲ့ရောင်းတာမို့စျေးချိုတဲ့ မြန်မာမုန့်ဆိုင်လေးလို့ စားသုံးသူတွေကသိကြပါတယ်။ စျေးတန်ပြီးစားကောင်း လို့ ‌‌‌‌ေ၀းတဲ့မြို့နယ်တွေကပါဒလီနဲ့မှာစားကြပါတယ်။ 

“အရင်တုန်းကဆို(၃)တုံး ၅၀၀နဲ့ရောင်းတာ။ကုန်စျေးနှုန်းတွေတက်လာလို့ သုံးတုံးတစ်ထောင်နဲ့စျေးပြောင်းရောင်းခဲ့တာပါ။စျေးထက်မတက်ဘဲရောင်းနိုင်သ၍ဒီစျေးနဲ့ပဲရောင်းသွားမှာပါ”လို့‌ဒေါ် မူမူကပြောပါတယ်။ 

စားသုံးသူကဦးစားပေး

ဒီလိုစျေးမတက်ဘဲရောင်းနိုင်ဖို့အတွက်လိုအပ်တဲ့ပါ၀င်ပစ္စည်းတွေကို စျေးချိုတဲ့လက်ကား စျေးတွေကနေသွား၀ယ်ရတာပါ။ပင်ပန်းပေမယ့်လည်း စားသုံးသူတွေစျေးသက်သက်သာသာနဲ့ စားရလို့၀မ်းသာတယ်လို့လည်း ဒေါ် မူမူကပြောပါတယ်။

‌ဒေါ် မူမူမြန်မာမုန့်ဆိုင်လေးရဲ့လိပ်စာက

ဒေါ် မူမူမြန်မာမုန့်လေးတွေကိုစားချင်တယ်ဆိုရင်တော့ ဆိုင်လိပ်စာက ‌မြောက်ဒဂုံ (၅၀)ရပ်ကွက်၊ကြိုးတံတားအနီး လမုစျေးမှာပါ။ဆိုင်ဖွင့်ချိန်ကတော့ မနက်(၆)နာရီပါ။စျေးတန်ပြီးစားကောင်းတဲ့ မြန်မာမုန့်ဆိုင်လေးမို့ လမ်းသင့်တဲ့အခါ ၀င်ရောက်မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က