တရုတ်မှာ ထုတ်လုပ်ရောင်းချလာတဲ့ Tesla မော်ဒယ်တွေလည်း ရောင်းအားတက်နေပါတယ်။

ကားဈေးကွက် အကျပ်ရိုက်နေပေမယ့် ဒီနှစ် တတိယသုံးလပတ်ဟာ Tesla အတွက် စံချိန်တင် ကားအရောင်းပိုသွက်ခဲ့တဲ့ ကာလဖြစ်ခဲ့ပါတယ်။

           ကမ္ဘာ့ chip ဈေးကွက်မှာ ပစ္စည်းပြတ်နေတာကြောင့် တခြားအမေရိကန်ကားကုမ္ပဏီတွေ ရောင်းအားထိုးကျနေချိန်မှာ Tesla ကနေ တတိယသုံးလပတ်အတွင်း လျှပ်စစ်ကားအစီးရေ ၂၄၁၃၀၀ အထိ ရောင်းချနိုင်ခဲ့တယ်လို့ The Verge သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူ ရောင်းအားနဲ့ ယှဉ်ရင် ကားအစီးရေ ၁၀၂၀၀၀ အထိ ပိုရောင်းရတာ ဖြစ်လို့ Tesla အတွက် ကားအရောင်းရဆုံး သုံးလပတ်လို့တောင် ဆိုရမှာပါ။




Photo: styleheavens


           Tesla ကနေ ၂၀၁၉ တစ်နှစ်လုံး ကားအစီးရေ ၃၆၇၅၀၀ စီး ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကြီးဆုံး ကားကုမ္ပဏီကြီးဖြစ်တဲ့ General Motors ရဲ့ ထုတ်ပြန်ချက်အရ တတိယသုံးလပတ်မှာ ကားအစီးရေ ၄၄၆၉၉၇ စီး ပဲ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် တတိယသုံးလပတ်ကထက်စာရင် ၃၃% ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ ဒီနှစ် နွေဘက်မှာ Chevrolet Bolt EV နဲ့ EUV ယာဉ်တွေအတွက် သုံးတဲ့ Semiconductor chip နဲ့ ဘက်ထရီအိုး ပစ္စည်းပြတ်သွားတာကြောင့် GM စက်ရုံအများအပြား ရပ်ထားခဲ့ရဖူးပါတယ်။

           Tesla အနေနဲ့ semiconductors ပစ္စည်းပြတ်လပ်မှု မဖြစ်အောင် မတူတဲ့ Semiconductors တွေဆီကနေ ပစ္စည်းတွေ ခွဲမှာထားတာ ၊ ပစ္စည်းအစိတ်အပိုင်းသစ်တွေနဲ့ အလုပ်လုပ်နိုင်အောင် ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ကို ပြန်ရေးတာမျိုးတွေ လုပ်ထားပြီး ဈေးကွက်မှာ ပစ္စည်းပြတ်မယ့်အရေးကို ကြိုကာကွယ်ခဲ့တာပါ။ နောက်တစ်ချက်က Tesla ရဲ့ နာမည်ကျော် Model Y ကို ဥရောပဈေးကွက်မှာ စတင်ရောင်းချနိုင်ခဲ့ပြီး ဒီမော်ဒယ်ဟာ အမေရိကန်မှာလည်း လူကြိုက်များနေတာကြောင့် အခုလို ကားအရောင်းသွက်ခဲ့တာ ဖြစ်ပါတယ်။


Photo: newsfounded


           ၂၀၂၀ နှစ်ဆန်းပိုင်းက စပြီး တရုတ်မှာ ထုတ်လုပ်ရောင်းချလာတဲ့ Tesla မော်ဒယ်တွေလည်း ရောင်းအားတက်နေပါတယ်။ Tesla ဟာ တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ ကားပစ္စည်းအစိတ်အပိုင်းစက်ရုံတည်ဆောက်ထားသလို ဂျာမနီနိုင်ငံ ဘာလင်မှာလည်း စက်ရုံသစ် လည်ပတ်ဖို့ ခွင့်ပြုချက်ရထားပြီ ဖြစ်လို့ နောက်လတွေမှာ ကားထုတ်လုပ်မှု ပိုတိုးတက်လာဦးမှာပါ။

           တစ်ဖက်မှာလည်း Tesla ဟာ အမေရိကန်နိုင်ငံ အမျိုးသားသယ်ယူပို့ဆောင်မှုဘေးကင်းရေးဘုတ်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့လ အနည်းငယ်ကပဲ တရုတ်မှာ ရောင်းထားတဲ့ ကားအစီးရေ ၃ သိန်းနီးပါးကို ဈေးကွက်က ပြန်သိမ်းဆည်းရတဲ့အဖြစ်နဲ့လည်း ကြုံခဲ့သေးတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က