အာရှ-ပစိဖိတ် Cloud ဈေးကွက် တိုးတက်လာဖို့ရှိပါတယ်

စမတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးနေရာက ထွက်သွားရတဲ့ Huawei ဟာ လာမယ့်သုံးနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသတွင်းရဲ့ ထိပ်တန်း Cloud Service Provider ဖြစ်လာဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

"ကျွန်တော်တို့ နောက်သုံးနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသ Cloud Service Provider တွေထဲမှာ ထိပ်ဆုံး ၃ နေရာ ရောက်လာဖို့ မျှော်မှန်းထားပါတယ်" လို့ Huawei Cloud လုပ်ငန်း ဥက္ကဌ Zeng Xingyun က South China Morning Post သတင်းကို ပြောပါတယ်။ နောက်လာမယ့် ၅ နှစ်နဲ့ နောက်ပိုင်းမှာ အခု မှန်းထားတာထက် ပိုပြီး ရှေ့ရောက်ဖို့လည်း ရည်ရွယ်ထားတယ်လို့ပါ ဆိုပါတယ်။



Photo: SCMP

အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေအကြား စမတ်ဖုန်းနဲ့ ကွန်ရက်ပစ္စည်းအစိတ်အပိုင်းစီးပွားရေးမှာ ရုန်းကန်နေရတဲ့ Huawei အနေနဲ့ ဈေးကွက်ဦးတည်ချက် ပြောင်းလာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အာရှ-ပစိဖိတ်ဒေသတွင်း ထိပ်တန်း Cloud ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းသုံးခုကတော့ Amazon Web Services (AWS) ၊ Microsoft Azure နဲ့ Alibaba Group Holding ရဲ့ Cloud လုပ်ငန်းတို့ ဖြစ်တယ်လို့လည်း Gartner နည်းပညာသုတေသနလုပ်ငန်းရဲ့ အချက်အလက်တွေက ဆိုပါတယ်။ 

Huawei Cloud လုပ်ငန်းဟာ တရုတ်ပြည်မကြီးထဲက Cloud Service Provider ကဏ္ဍမှာ နံပါတ်နှစ်နေရာက လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ Canalys ရဲ့ ဈေးကွက်သုတေသနအချက်အလက်တွေမှာတော့ မတ်လကုန် ပထမသုံးလပတ်မှာ တရုတ်ဟာ ကမ္ဘာ့ Cloud ဈေးကွက်ဝေစုရဲ့ ၁၉.၇% ရှိပြီး အမေရိကန်ပြီးရင် အကြီးဆုံး ဈေးကွက်ကြီး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ 

Photo: SCMP


တရုတ်နိုင်ငံအတွင်း Cloud ဝန်ဆောင်မှုဈေးကွက်မှာ Alibaba Cloud က ဈေးကွက်ဝေစု ၃၉.၈% နဲ့ ကြီးစိုးထားပါတယ်။ ရှင်းကျန့်အခြေစိုက် Huawei ဟာ အာရှ-ပစိဖိတ်ဒေသက start-ups တွေမှာ ကုမ္ပဏီရဲ့ Cloud Computing ပလက်ဖောင်းကို သုံးလာဖို့ ဒေါ်လာသန်း ၁၀၀ အထိ လျာထားတယ်လို့လည်း သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ အာရှ-ပစိဖိတ် Cloud ဈေးကွက်ဟာ ဒေါ်လာ ၃၆.၄ ဘီလျံရှိခဲ့ရာကနေ ဒီနှစ်ထဲမှာ ဒေါ်လာ ၄၈.၄ ဘီလျံအထိ ရှိလာမယ်လို့လည်း IDC ရဲ့ ဈေးကွက်သုတေသနအစီရင်ခံစာက ခန့်မှန်းထားပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က