ဗလင်စီယာကို အဝေးကွင်းမှာ သရေကျခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဗလင်စီယာနဲ့ လာလီဂါအဝေးကွင်းပွဲမှာ ဘာစီလိုနာတို့ တစ်ဂိုးစီသရေကျခဲ့ပြီး သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ ဘာစီလိုနာကတော့ ဒီပွဲမှာ ဦးဆောင်ဂိုး အရင်ရရှိခဲ့တဲ့ အသင်းတစ်သင်းပါ။



ဒါပေမယ့် ယာအိုဖီးလစ်ရဲ့ ဒီဦးဆောင်ဂိုးကို ပွဲကစားချိန် မိနစ် (၇၀) မှာ ဂီလာမန်က ပြန်လည်ချေပခဲ့ပါတယ်။ အဲ့ဒီနောက် မက်စ်တဲလားကွင်းမှာ နိုင်ပွဲရဖို့ ဘာစီလိုနာတို့ ကြိုးစားခဲ့ပေမယ့် အနိုင်ဂိုးမရရှိခဲ့ဘဲ သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ လာလီဂါအိမ်ကွင်းပွဲမှာလည်း ကတ်တလန်ကလပ်အသင်းတစ်သင်းပဲဖြစ်တဲ့ ဂျီရိုနာကို ၂-၄ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲရလဒ်က ဘာစီလိုနာရဲ့ အမှတ်ပေးချန်ပီယံဆု ကာကွယ်ဖို့ကို ခြိမ်းခြောက်နိုင်ခဲ့သလို ဂျီရိုနာကလည်း အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ရရှိသွားခဲ့ပါတယ်။
ဒါ့အပြင် ကြားရက်မှာ ကစားခဲ့တဲ့ ရွိုင်ရယ်အန့်ဝပ်နဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာလည်း ဘာစီလိုနာတို့ အဝေးကွင်းမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ဘာစီလိုနာအတွက် ဒီပွဲရလဒ်က အရေးမပါခဲ့ပေမယ့် အုပ်စုတွင်း အင်အားအနည်းဆုံးအသင်းကို ရှုံးနိမ့်ခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
အခု ဗလင်စီယာနဲ့အဝေးကွင်းပွဲမှာလည်း ဘာစီလိုနာတို့ နိုင်ပွဲပြန်လည်မရှာဖွေနိုင်ခဲ့တာကြောင့် တစ်ပတ်အတွင်း (၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ ဘာစီလိုနာတို့ လာမယ့်ပွဲတွေမှာ သေချာပေါက်ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။   

Share

Loading Next Article...
က္က