ဖြတ်တင်ဘောတကြိမ်လေးတောင်မှ မမြင်တွေ့ရဘူးလို့ ထောက်ပြခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဘ၀ ဒုတိယအကြိမ်မှာ ရုန်းကန်နေရတာက သူ့အတွက် လုံလောက်တဲ့ ဖြတ်တင်ဘောတွေကို အသင်းဖော်တွေက မပြုလုပ်ပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း လူး၀စ္စဆာဟာက ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးရရှိထားပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်နေတာဖြစ်ပါတယ်။ 

နောက်ဆုံး ၁၂ ရာသီဆက်တိုက် အနည်းဆုံးပြိုင်ပွဲစုံသွင်းဂိုး ၂၈ ဂိုးအထိ ရရှိခဲ့တဲ့ ရော်နယ်ဒိုက တော်တော်လေးရုန်းကန်နေရတယ်လို့ ခံစားမိကြောင်းလည်း ဆာဟာက ဆိုပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာဒါဘီပွဲလိုအရေးပါတဲ့ပွဲမှာလည်း ချန်လှပ်ခံနေရပြီး အသင်းတွင်း သူ့ရဲ့အနေအထားကပါ မေးခွန်းထုတ်စရာအခြေအနေမှာ ရှိနေခဲ့တာပါ။ 


ဆာဟာက "အခုအသင်းတွေကစားနေတဲ့ပုံစံတွေကိုကြည့်ပါ၊ ယူနိုက်တက်မှာ ဖြတ်တင်ဘောတွေ အဲလောက်ထိမရှိဘူး၊ အရင်တုန်းကဆိုရင် တဖက်ကနေ ရိုင်ယန်ဂစ်က ဖြတ်တင်ဘောတွေအများကြီး ပေးပို့နိုင်ခဲ့တယ်၊ တဖက်မှာ ရော်နယ်ဒို၊ ပြီးတော့ နစ္စတယ်ရွိုင်းရှိနိုင်တယ်၊ တီဗက်ဇ် ဒါမှမဟုတ် ကျွန်တော်၊ အဲဒါမှမဟုတ်ရင် ဝိန်းရွန်နီတို့ရှိပြီး ဘောလုံးကို လက်ခံရယူနိုင်ခဲ့ပါတယ်"

"ဒါပေမယ့်လည်း အခုတော့ ဧရိယာထဲမှာ ဒါကို ကျနော်မမြင်ရဘူး၊ ဘယ်သူကမှ ဘောလုံးကို ဖြတ်မတင်ပေးကြဘူး၊ ရော်နယ်ဒိုက ၃၇ နှစ်ရှိနေပါပြီ၊ သူက စက်တခုလည်းမဟုတ်ဘူး၊ သူ့ရဲ့ ရွေ့လျားမှုတွေက ကောင်းတယ်လို့ ကျနော်ခံစားရတယ်၊ ပြီးတော့ တချို့ပွဲတွေမှာ အတွေ့အကြုံနဲ့ သူ ထိန်းကစားသွားနေတယ်၊ သူကစားရတဲ့နေရာက ဘာဖြစ်ဖြစ်ပေါ့၊ သူ့ကို မှန်မှန်ကန်ကန်သာ အသုံးချတတ်မယ်ဆိုရင် သူကလည်း ကောင်းကောင်းသက်သေပြနိုင်မယ်လို့ ကျနော်ထင်တယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ အစွန်ခံစစ်ကစားသမားတွေကတော့ တိုက်စစ်ကိုလိုက်ပါရာမှာ တော်တော်လေးအားနည်းနေတာဖြစ်ပါတယ်။ ဘစ်စ်ကာ၊ ဒါလော့၊ လုခ်ရှောနဲ့ တဲလက်စ်တို့ရှိနေပေမယ့်လည်း အခြားအသင်းကြီးတွေရဲ့ အစွန်ခံစစ်သမားတွေနဲ့ နှိုင်းယှဉ်ပါက ခြေစွမ်းပိုင်းချင်း တော်တော်လေးကွာဟနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က