လင်ဒီလော့ဖ်ဟာ ဗဟိုခံစစ်နေရာမှာ ရာဖေးလ် ဗာရွမ်းကို ကျော်ပြီး ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲစဉ် ပထမပိုင်းမှာ မတည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသခဲ့တဲ့ လင်ဒီလော့ဖ်ကို ပြစ်တင်ကြိမ်းမောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့မှာ ရက်ရှ်ဖို့ဒ်ရဲ့ အစောပိုင်းသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ ကွင်းလယ်စည်းကနေ ပြေးလာပြီးနောက် ယခုရာသီ ၁၈ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ကနဦးမှာ စိတ်လှုပ်ရှားခဲ့ပုံပေါ်ခဲ့တဲ့ ဖောရက်စ်ဟာ ပွဲကစားချိန်ကြာလာတာနဲ့အမျှ ကစားပုံကောင်းမွန်လာခဲ့ပြီး ဆမ် ဆားရစ်ချ်က ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ကနေ အဆုံးသတ်နိုင်ခဲ့တဲ့အချိန်မှာ ချေပဂိုး သွင်းယူနိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း VAR က မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ဆီကနေ ဘောလုံးရယူခဲ့တဲ့အချိန်မှာ ဆားရစ်ချ်က လူကျွံနေခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လင်ဒီလော့ဖ်ဟာ မန်ယူနိုက်တက်ခံစစ်ကစားရာမှာ ကိုယ့်နေရာကိုယ်လုံအောင် မကစားနိုင်ခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဆီကနေ ဝေဖန်မှုအများအပြား ခံခဲ့ရတာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယား ပွဲပယ်ခံထားရတာကြောင့် လင်ဒီလော့ဖ်ဟာ ဗဟိုခံစစ်နေရာမှာ ရာဖေးလ် ဗာရွမ်းကို ကျော်ပြီး ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း လင်ဒီလော့ဖ်ရဲ့ စွမ်းဆောင်ရည်ဟာ စိတ်ပျက်စရာကောင်းခဲ့ပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ဆွီဒင်နောက်ခံလူဟာ အဲရစ် တန်ဟက်ရဲ့အသင်းအတွက် ကစားပေးဖို့ လုံလောက်တဲ့ ကောင်းမွန်မှုမျိုးမရှိဘူးလို့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ "ဗစ်တာ လင်ဒီလော့ဖ်က သူနဲ့ မက်ဂွိုင်းယားတို့ ၂ ဦးစလုံးက မန်ယူနိုက်တက်အတွက် ကစားပေးဖို့ ဘာကြောင့် ကောင်းသင့်သလောက် မကောင်းမွန်တာလဲဆိုတာကို သက်သေပြသခဲ့တာပဲ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "ဗစ်တာ လင်ဒီလော့ဖ်က သုံးစားမရတဲ့ နောက်ခံကစားသမားပဲ။ သုံးစားမရတဲ့ ခံစစ်ကစားသမားပုံအပြီးမှာ VAR က သူ့ကို ကယ်သွားခဲ့လို့သာပေါ့"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က