၂၀၁၉ ကစလို့ ထုတ်လိုက်တဲ့ Galaxy Products တွေနဲ့ အကျုံးဝင်မှာပါ

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း Maker ကြီးဖြစ်တဲ့ Samsung ကတော့ ဖုန်းနဲ့ ဖုန်းသုံးစွဲသူအချက်အလက် လုံခြုံရေးအတွက် နောက်ထပ်အာမခံချက်တွေ ပေးလာပါတယ်။

           Samsung Electronics ဟာ ကုမ္ပဏီထုတ် Galaxy ဖုန်းတွေကို ကနဦးဖုန်းဖြန့်ချိပြီးနောက် အနည်းဆုံး ၄ နှစ်ကြာအောင် လုံခြုံရေးအတွက် Security Updates တွေ ပုံမှန်ပေးသွားမယ်လို့ ဆိုပါတယ်။ Security Updates သစ်တွေကို လစဉ်ပေးတာ ၊ သုံးလပတ်တိုင်း အသစ်ထုတ်တာနဲ့ နှစ်နှစ်တစ်ကြိမ် ပုံမှန် Support ပေးတာမျိုး လုပ်ပြီး Galaxy ထုတ်ကုန်သုံးစွဲသူတွေရဲ့ အချက်အလက် ကာကွယ်ရေးကို တစ်ဆင့်မြှင့်လိုက်တာလည်း ဖြစ်ပါတယ်။



           ၂၀၁၉ ကစလို့ ထုတ်လုပ်လိုက်တဲ့ Galaxy Fold ၊ Z ၊ S ၊ Note ၊ A ၊ M ၊ XCover နဲ့ Tab စီးရီး စတဲ့ ပရီမီယံတန်းကနေ တန်ဖိုးသင့် ဘက်ဂျက်တန်း Galaxy ထုတ်ကုန်တွေအားလုံးဟာ အနည်းဆုံး ၄ နှစ်ကြာ security update support ပေးမယ့် စာရင်းမှာ အကျုံးဝင်သွားမှာပါ။ ပုံမှန်အားဖြင့် security updates ၃ နှစ်ပဲ ပေးနေတဲ့ စမတ်ဖုန်းလောကမှာ Samsung ရဲ့ ၄ နှစ်အထိ security support ပေးသွားမယ့်ကတိပြုချက်ဟာ လက်ရှိစမတ်ဖုန်းလောကရဲ့ အမြင့်ဆုံးစံလို့ ဆိုနိုင်ပါတယ်။ ၄ နှစ်စာ security updates ရမယ့် ဖုန်းစာရင်းကိုလည်း အောက်မှာ ဖော်ပြလိုက်ပါတယ်။


Photo: Samsung

           Android OS updates အနေနဲ့လည်း Samsung ဟာ အနည်းဆုံးတတိယမျိုးဆက် updates အထိ support ပေးသွားမယ်လို့ အာမခံထားပါတယ်။ OS Update သုံးနှစ်စာရင်းမှာတော့ security updates ၄ နှစ်ရတဲ့ Galaxy ထုတ်ကုန်တိုင်း အကျုံးဝင်မှာ မဟုတ်ဘဲ Galaxy S series ၊ Note series ၊ Fold Series ၊ A series နဲ့ Tab series လို high-end နဲ့ mid-range Galaxy ထုတ်ကုန်တွေပဲ ရမှာဖြစ်ပါတယ်။

           Samsung ဟာ စမတ်ဖုန်းလုံခြုံရေးအတွက် အဆင့်မြင့်ကာကွယ်ရေးတန်းဝင် Security ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Samsung Knox ကို သုံးထားတဲ့အပြင် လုံခြုံရေးကို ပိုပြီး စိတ်ချရစေဖို့ အဆင့်ဆင့် ကာကွယ်ပေးသွားမယ့် Knox Vault processor သစ်ပါ ထပ်မံမိတ်ဆက်ထားပါတယ်။ Knox Vault က သုံးစွဲသူအချက်အလက်ကို ကြားလူမယူနိုင်အောင် End-To-End လျှို့ဝှက်ပေးထားတဲ့အပြင် Knox Vault storage ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကိုလည်း ပင်မ OS နဲ့ တခြားစီ ခွဲသိမ်းပြီး ကာကွယ်ထားတာပါ။


           စမတ်ဖုန်းလောကမှာ Privacy လို့ ခေါ်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံရေး ထိပါးမှုအကြောင်း သတင်းတွေ လှိုင်နေချိန်မှာ Samsung က အခုလို လုံခြုံရေးကတိကဝတ်ပြုလာတာလည်း ဖြစ်ပါတယ်။ privacy ချိုးဖောက်ခံရမှုကို အကြောင်းပြုပြီး ကမ္ဘာတလွှားက နည်းပညာကုမ္ပဏီကြီးတွေဟာ ဒေါ်လာဘီလျံနဲ့ချီ ဒဏ်ရိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ စမတ်ဖုန်းသုံးစွဲသူတွေရဲ့ လုပ်ဆောင်မှုမှတ်တမ်းကို ထောက်လှမ်းပြီး Built-In ဆင်ဆာဖြတ်မှုလုပ်တဲ့ ဖုန်းတွေအကြောင်း သတင်းထွက်ခဲ့ပါတယ်။

           စမတ်ဖုန်းတစ်လုံးကို Security Updates နှစ်ရှည် ပံ့ပိုးပေးတာဟာ ရေရှည်ဖုန်းအသုံးပြုနိုင်‌‌ရေး အားပေးတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်တဲ့ အီလက်ထရွန်းနစ်အမှိုက် e-Waste စွန့်ပစ်မှုပါ လျှော့ချနိုင်ဖို့ ရှိပါတယ်။


ယခုသတင်းဆောင်းပါးကို Samsung Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။

Share

Loading Next Article...
က္က