ကြီးကြီးမားမား အပြောင်းအလဲလုပ်ဖွယ်ရှိတာပါ။

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်တာဝန်ရှိသူတွေဟာ လာမယ့်နွေမှာ အသင်းရဲ့ လူစာရင်းကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ရှိနေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အသင်းကြီးမှာရှိတဲ့ ကစားသမားအားလုံးနီးပါးကို ရောင်းထုတ်သွားမယ်လို့ သတင်းတွေက ဖော်ပြထားတာပါ။



ယူနိုက်တက်ဟာ ဒီရာသီမှာလည်း ဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းရဖို့ နီးစပ်နေပါပြီ။​ အက်ဖ်အေဖလား ဗိုလ်လုပွဲတက်ရောက်ထားသည့်တိုင် အင်အားကြီး ပြိုင်ဘက် မန်စီးတီးနဲ့ တွေ့ရမှာကြောင့် ယူနိုက်တက်အတွက် အခွင့်အရေးက မရှိသလောက် နည်းပါးနေခဲ့ပါတယ်။

ဒါ့အပြင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်လည်း မရတော့တာကြောင့် ယူနိုက်တက်အတွက် တော်တော်လေး စိတ်ပျက်ဖို့ကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတာပါ။ အဲ့ဒါကြောင့်လည်း ရက်ကလစ်ဖ်က လာမယ့်အပြောင်းအရွှေ့မှာ ကစားသမားသုံးယောက်ကလွဲပြီး ကျန်ကစားသမားအားလုံးကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်တို့ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားလိုတဲ့ ကစားသမားသုံးယောက်ကတော့ တိုက်စစ်မှူး ဟွိုက်လန်း၊ ကွင်းလယ်ကြယ်ပွင့် မိုင်နူးနဲ့ တောင်ပံကစားသမား ဂါနာချိုတို့ပဲ ဖြစ်ပါတယ်။ သူတို့သုံးယောက်ကိုတည်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ထားကြောင်းလည်း သတင်းတွေက ဆိုပါတယ်။

ကျန်တဲ့ ကစားသမားတွေထဲက စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတွေကို အလွတ်နဲ့ လက်လွှတ်ခံဖို့ရှိသလို ကျန်ကစားသမားတွေကိုလည်း ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ခြေစွမ်းပိုင်း တော်တော်လေး ဆိုးရွားနေတဲ့ ရပ်ရှ်ဖို့ဒ်အတွက်လည်း ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ သိရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က