အခုတလော အွန်လိုင်းပေါ်မှာ ရေပန်းစားနေတာကတော့ Gemini ဖွားတွေက သစ္စာမရှိဘူး၊ သူတို့တွေနဲ့ မတွဲဖို့၊ မချစ်ဖို့ဆိုပြီး သတိပေးတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ တကယ်ပဲ Gemini ဖွားတွေက မချစ်တတ်တာလား၊ သစ္စာမရှိတာလားဆိုပြီး မေးခွန်းတွေလည်းအများကြီးရှိနေပါတယ်။ Gemini တွေအပေါ်မှာရော ဘာကြောင့် ဒီလိုမျိုးထင်မြင်နေကြလဲဆိုတာတွေကို ဒီကနေ့မှာ ပရိသတ်တွေအတွက် မျှဝေပေးသွားချင်ပါတယ်။
ပျင်းရိငြီးငွေ့တတ်ခြင်း
Gemini ဖွားတွေဟာ ကိစ္စတခုအပေါ်မှာ အချိန်ကြာလာရင် ပျင်းရိတတ်လာပြီး သူတို့အတွက် စိန်ခေါ်မှုအသစ်အဆန်းတွေကို ရှာဖွေလေ့ရှိပါတယ်။ အတန်းသစ်တွေ၊ အထူးအဆန်းအရာသစ်တွေကို အမြဲတမ်းရှာဖွေနေလေ့ရှိပြီး အချိန်ကြာလာတာနဲ့အမျှ Relationship ကိစ္စတွေမှာပါ ဒါမျိုး အသစ်အဆန်းတွေကို ရှာဖွေလာလေ့ရှိပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့ရဲ့ Relationship ကိစ္စတွေက အကွဲအပြဲတွေဖြစ်လာခဲ့ပြီး သစ္စာမရှိဘူးလို့ သတင်းကြီးလာခဲ့ရတာဖြစ်ပါတယ်။
Photo: The New Yorker
ပွင့်ပွင့်လင်းလင်းဆက်ဆံပြခြင်း
Gemini ဖွားတွေက သူတို့တကယ်ချစ်တဲ့အခါမှာ မကြာခဏဆိုသလိုပဲ သင့်ဆီ ဆက်သွယ်လေ့ရှိပါတယ်။ တခါတလေကျရင် တစ်နေကုန်ဆက်သွယ်နေတဲ့အခါတွေတောင်ရှိပါတယ်။ သူတို့စိတ်မပါတဲ့အချိန်မှာတောင်မှပေါ့။ ဒါပေမယ့် သင်ကသူ့ဆီဆက်သွယ်တဲ့အခါမှာတော့ သူက ချက်ချင်းအကြောင်းပြန်ချင်မှပြန်ပါလိမ့်မယ်။ ဒါကိုက ပြဿနာဖြစ်စေတာပါ။ Relationship တခုမှာ ဒီလိုမျိုး အသွားအလာမတူညီတဲ့ ကိစ္စတွေကြောင့် Gemini တွေက တဖြည်းဖြည်း နာမည်ပျက်လာခဲ့ရတာဖြစ်ပါတယ်။
Photo: The Sun
စိတ်ခံစားလွယ်သူများဖြစ်ခြင်း
Gemini တွေက သာမန်အားဖြင့် စိတ်ခံစားလွယ်ပြီး ဖောက်ပြန်လွယ်တယ်လို့လည်းဆိုကြပါတယ်။ ဒါပေမယ့် ဖောက်ပြန်တဲအခါမှာလည်း သိသိသာသာကို ဖောက်ပြန်တတ်ကြပြီး အခြားသူက သူတို့ရဲ့ဖောက်ပြန်မှုကို ချက်ချင်းဆိုသလို ရိပ်မိနိုင်ပါတယ်။ တကယ်လို့ သူက မဖောက်ပြန်သေးသည့်တိုင် ဒီလိုမျိုး ဖောက်ပြန်တော့မယ်ဆိုတာကို အရိပ်အယောင်တွေကြိုတင်ပြသလေ့ရှိပါတယ်။ အဲ့ဒါကြောင့်လည်း Gemini တွေက “သစ္စာရှိတတ်လား” မေးရင်တော့ သူက သင့်ကို အမှန်တကယ်ချစ်မြတ်နိုးရင်တော့ “သစ္စာရှိပါလိမ့်မယ်” လို့သာ ဖြေစရာရှိပါတယ်။
ပျင်းရိငြီးငွေ့မှုဒဏ်ကို မခံစားနိုင်ခြင်း
Gemini တွေက ပျင်းရိငြီးငွေ့လွန်းလာပြီဆိုရင်တော့ သူတို့အတွက် ထွက်ပေါက်တခုမဟုတ် တခုကို ရှာဖွေလေ့ရှိပါတယ်။ Gemini တိုင်းက သစ္စာမရှိတဲ့လူတွေတော့မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ သူတို့မရိုးသွားရအောင် အသစ်အဆန်းတွေတစ်ခုပြီးတစ်ခု ဖန်တီးပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ Gemini တွေက သစ္စာမရှိဘူးလို့သာ ထိုင်ပြောနေရပါလိမ့်မယ်။
Photo: Freepik
တသက်တာအတွက် ရွေးချယ်တတ်ခြင်း
Gemini တွေက ချစ်တတ်တဲ့လူတွေပါ။ ဒါပေမယ့် သူတို့အတွက် မှန်ကန်တဲ့လူတစ်ယောက်အဖြစ် ယူဆထားမှသာ ဒါမျိုးကို ထုတ်ပြပါလိမ့်မယ်။ အဲ့ဒီလိုဆိုရင်တော့ Gemini က သင့်အပေါ် တဘဝလုံးသစ္စာရှိပြီး ချစ်ခင်စုံမက်သွားမှာပါ။ တကယ်လို့ သင်က သူတို့အတွက် မှန်ကန်တဲ့လူတယောက်အနေနဲ့ မသတ်မှတ်ခံရဘူးဆိုရင်တော့ ဒါမျိုးခံစားခွင့်ရမှာမဟုတ်တဲ့အကြောင်း မျှဝေပေးလိုက်ရပါတယ်။