နောက်ဆုံး ၅ ပွဲမှာ ၁-၁ သရေပွဲက ၄ ပွဲအထိ ပါဝင်နေခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ ပွဲမှာတော့ ချယ်လ်ဆီးဟာ ဘရိုက်တန်နဲ့ တဂိုးစီသရေဆိုတဲ့ ရလဒ်သာ ထွက်ပေါ်သွားခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ အမှတ်ပေးပွဲနောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ သရေကျမှုဖြစ်လာခဲ့ပြီး လိဒ်နဲ့ပွဲတပွဲတည်းသာ သူတို့အနိုင်ရခဲ့ပါတယ်။ ရမှတ် ၈မှတ်အထိ ဆုံးရှုံးခဲ့တာဖြစ်ပြီး ထိပ်ဆုံးကမန်စီးတီးနဲ့ ကွာဟသွားတဲ့ အမှတ်အရေအတွက်လည်းဖြစ်ပါတယ်။ 


သရေကျခဲ့တဲ့ ၄ ပွဲစလုံးဟာ ၁-၁ ဆိုတဲ့ ရလဒ်တွေဖြစ်နေခဲ့ပြီး ရာသီအစပိုင်းမှာ တိုက်စစ်လည်းကောင်း၊ ခံစစ်ကလည်းတောင့်တင်းတဲ့ ချယ်လ်ဆီးရဲ့ ခြေစွမ်းတွေ ပျက်ယွင်းလာတယ်ဆိုတာကို အထင်အရှားဖြစ်စေခဲ့ပါတယ်။ ရာသီအစပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၄ ပွဲမှာ ချယ်လ်ဆီးက ၄ ပွဲစလုံးအနိုင်ရခဲ့ပြီး ပေးဂိုးလုံး၀မရှိခဲ့ပေမယ့် အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။ 

ယူနိုက်တက်နဲ့သရေကျပြီးနောက်ပိုင်းမှာ ရလဒ်နဲ့ခြေစွမ်းယိမ်းယိုင်သွားခဲ့တာဖြစ်ပြီး ကိုဗစ်ကူးစက်မှုပြသနာ၊ ဒဏ်ရာပြသနာတွေနဲ့ တူချယ်လ်ရုန်းကန်နေရပါတယ်။ ပြန်ဆွဲတင်နိုင်ခြင်းမရှိသေးဘဲ ပွဲစဉ် ၂၀ အပြီးမှာ မန်စီးတီးနဲ့ ၈ မှတ်ကွာဟသွားလို့ အမှတ်ပေးဖလားမျှော်လင့်ချက်က သူတို့အတွက်အားနည်းလာပြီဖြစ်ပြီး လက်ရှိမှာ အဲဒီအခြေအနေထက် ဒဏ်ရာပြသနာတွေကို ပိုအာရုံစိုက်ရမယ်လို့ တူချယ်လ်က ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။ 

အားထားရတဲ့ကစားသမား ရီဆီဂျိမ်းစ်ဒဏ်ရာရသွားတာက ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပြီး တံကောက်ကြောဒဏ်ရာဖြစ်လို့ ကာလအနည်းငယ်အနားယူရဖွယ်ရှိပါတယ်။ ဘင်ချီဝဲလ်ကလည်း ခွဲစိတ်မှုလုပ်ရမှာဖြစ်လို့ လက်ကျန်ရာသီပွဲအားလုံးကို လွဲချော်တော့မှာဖြစ်ပြီး ခံစစ်အစွန်နေရာတွေနဲ့ တိုက်စစ်ပိုင်းကို ပံ့ပိုးပေးရမယ့် ပြသနာတွေကို တူချယ်လ်ဖြေရှင်းရဖို့လည်း ရှိလာခဲ့ပါပြီ။ 

Share

က္က