လီဗာပူးတိုက်စစ်မှူးဟောင်းကြီးက ဂါရတ်ဘေးလ်ကို စိန်ခေါ်ခဲ့တာပါ။

မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လိစ်ကို ပြောင်းရွှေ့သွားတဲ့ ဂါရတ်ဘေးလ်ကို လီဗာပူးနဲ့အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်း စတန်ကော်လီမိုးက ဝေဖန်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ အဆိုပါမေဂျာလိဂ်ကလပ်ကို တနှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ပုံမှန်ရရှိနေတဲ့ လုပ်ခလစာထက် ပေါင် (၂၇.၅) သန်း လျော့နည်းခဲ့ပါတယ်။



ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ အသင်းဟောင်း စပါး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်တို့က စိတ်ဝင်စားခဲ့ပြီး ကာဒစ်ဖ်ကို ပြောင်းရွှေ့ဖို့အတွက်လည်း နီးစပ်ခဲ့ကြောင်း ကာဒစ်ဖ်ပိုင်ရှင် ဗင်းဆင့်တန်က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် လော့စ်အိန်ဂျယ်လိစ်ရဲ့ ကမ်းလှမ်းက ဂါရတ်ဘေးလ်ကို ဆွဲဆောင်နိုင်ခဲ့ပြီး အဆိုပါဝေးလ်စ်လက်ရွေးစင် အသင်းခေါင်းဆောင်က အမေရိကန်မြေကို ပြောင်းရွှေ့ခဲ့တာပါ။

ဒီလိုမျိုး ဂါရတ်ဘေးလ်က လွယ်ကူတဲ့မေဂျာလိဂ်ကို ပြောင်းရွှေ့သွားတယ်လို့ ကော်လီမိုးက ဝေဖန်ခဲ့ပြီး The Mirror သတင်းစာက သူ့ရဲ့စာမျက်နှာမှာ အခုလိုပဲ ရေးသားဝေဖန်ခဲ့ပါတယ်။ “ဂါရတ်ဘေးလ်ကတော့ ထိုင်ပြီး စဥ်းစားမှာပဲ။ ကာဒစ်ဖ်ကို ပြောင်းတယ်ဆိုရင် ချန်ပီယံရှစ်က အသင်းတွေအများကြီးနဲ့ ကန်ရမယ် ဒါမှမဟုတ် ဘရန့်ဖို့ဒ်ကိုပြောင်းရင်လည်း နိုင်ပွဲထက် ရှုံးပွဲကပိုများမယ်ဆိုပြီးတော့ပေါ့”

“လော့စ်အိန်ဂျယ်လိစ်က ရလဒ်ကောင်းနေတဲ့အသင်းပါ။ သူ့ကို ခရစ္စတယ်ပဲလေ့စ်၊ ဘရန့်ဖို့ဒ် ဒါမှမဟုတ် ဘရိုက်တန်ကိုလာပြီး ပရီးမီးယားလိဂ်က ဘာလဲဆိုတာကို သိစေချင်ပါတယ်။ ကျနော် ပရီးမီးယားလိဂ်လို့တောင် မပြောဘူးဗျာ။ သူ မာဆေးလ် ဒါမှမဟုတ် ဒေါ့မွန်လောက်ကို သွားနိုင်ပါတယ်။ ဒါပေမယ့် သူက လော့စ်အိန်ဂျယ်လိစ်ကိုပဲ ရွေးသွားပါတယ်”

“အဲ့ဒီမှာက သူပုံမှန်ကစားခွင့်ရမယ်ထင်လို့လည်း ပါမှာပေါ့။ နောက်ပြီး သူ့အတွက် နေရောင်ခြည်အပြည့်၊ ဂေါ့ဖ်ကွင်းအပြည့်နဲ့ ဘဝကို လိုချင်လို့လည်းဖြစ်နိုင်ပါတယ်” လို့ ကော်လီမိုးက ရေးသားခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ပရီးမီးယားလိဂ်ကလပ် စပါးကနေ ထင်ပေါ်ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတယောက်လည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က