ချန်ပီယံလိဂ်ပွဲအဖြစ် အသင်းဟောင်းအေတီကိုနဲ့ ရင်ဆိုင်ရတော့မှာပါ။

အသင်းဟောင်းအက်သလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲမနွှဲခင်မှာပဲ သူဟာ မန်ချက်စတာမြို့သားဖြစ်နေပြီလို့ ယူနိုက်တက်ဂိုးသမားဒီဂီယာက ပြောဆိုလိုက်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဒီဂီယာဟာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာ ၁၀ နှစ်ကျော်ရှိနေပြီဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းဂိုးသမားတဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။

မက်ဒရစ်မှာမွေးဖွားပြီး မက်ဒရစ်မြို့ခံကလပ်နဲ့အတူ စတင်တောက်ပခဲ့ပေမယ့် သူ့ရဲ့ကစားသမားဘ၀အချိန်အများစုကတော့ မန်ချက်စတာမှာကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အသင်းဟောင်းနဲ့ပြန်ရင်ဆိုင်ရတော့မယ့်ပွဲမတိုင်ခင်မှာ ဒီဂီယာက သူ ဘယ်လိုခံစားရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"မက်ဒရစ်မှာ ကျနော်မွေးဖွားခဲ့တယ်ဆိုပေမယ့် အခုတော့ ကျနော်က မန်ချက်စတာမြို့သားဖြစ်နေပါပြီ၊ မန်ချက်စတာက တခြားသူတွေလိုပဲ ကျနော်က ဒီမြို့သားလို့ ခံစားနေရပါတယ်၊ ယူနိုက်တက်မှာ ကျန​ော်အချိန်တွေအကြာကြီးရှိနေခဲ့ပြီးတော့ ဘ၀မှာ ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာက သိသာထင်ရှားလွန်းပါတယ်၊ ဘောလုံးလောကမှာရောပေါ့၊ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ယူနိုက်တက်နဲ့ဝေးကွာနေတယ်လို့ ကိုယ့်ကိုကိုယ်မမြင်မိဘူး"


"အခု ဒီပွဲအတွက် ကျနော်အိမ်ပြန်ရပါတော့မယ်၊ ဒီနေ့မှာ ကျနော့်ကို ဒီလိုဖြစ်လာအောင် အခွင့်အရေးပေးခဲ့တဲ့အသင်းဆီ ပြန်သွားရမှာပါ၊ ဒါပေမယ့် ဒါက နောက်ထပ်ပွဲစဉ်တခုပါပဲ၊ ဒီပွဲကို အကောင်းဆုံးကစားဖို့ အားလုံးကဆန္ဒရှိနေကြတယ်၊ ဒါက ချန်ပီယံလိဂ်ပွဲတပွဲပါ၊ အက်သလက်တီကိုကိုလည်း အကောင်းဆုံးတွေဖြစ်စေချင်ပေမယ့် သူတို့ကစားတာ ကောင်းလား၊မကောင်းလား ကျနော်မသိဘူး"


"လူတိုင်းက အဲဒီကို အနိုင်ရဖို့အတွက် သွားကြတာပါ၊ အထူးသဖြင့် ကျနော်ပေါ့' လို့ အသက် ၃၁ နှစ်အရွယ် ဒီဂီယာက ချန်ပီယံလိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့ပါတယ်။ ဒီဂီယာကတော့ လက်ရှိမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတဦးအဖြစ် လက်စွမ်းပြနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က