ရှီးယားနဲ့ဟာလန်းတို့ တွေ့ဆုံခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယားက သူနဲ့ဟာလန်းနဲ့ တွေ့ဆုံခဲ့တုန်းက အတွေ့အကြုံတွေကို ဟာသအဖြစ်နဲ့ မီဒီယာတွေကို ပြန်လည်ပြောကြားလာခဲ့ပါတယ်။ ရှီးယားဟာ သူ့ရဲ့ ကစားသမားဘဝမှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ဘလက်ဘန်း၊ နယူးကာဆယ်တို့မှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း (၂၆၀) နဲ့ ပရီးမီးယားလိဂ်သမိုင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်ပါတယ်။



ဟာလန်းကလည်း လက်ရှိနွေရာသီမှာ မန်စီးတီးကို ရောက်ရှိလာခဲ့ပြီး သူ့အတွက် ပရီးမီးယားလိဂ်ကစားသမားဘဝ ပထမဆုံးပွဲမှာတင် နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရှီးယားက သူ့ရဲ့ တွစ်တာကတဆင့် “ဟာလန်းရေ နောက်ထပ် (၂၅၈) ဂိုးသွင်းရမယ်ကွာ” လို့ ရေးသားပြီး နောက်ပြောင်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဟာလန်းနဲ့ အင်တာဗျူးလုပ်ခဲ့ချိန်က ပြောဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့လည်း ရှီးယားက အခုလိုဖွင့်ဟခဲ့ပါတယ်။ ရှီးယားက “ကျနော်တို့ အင်တာဗျူးပြီးသွားတော့ ဟာလန်းက သူနဲ့အတူတူဓာတ်ပုံတွဲရိုက်ခွင့်ပေးဖို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ သူ့အဘိုးကို ပြန်ပြောပြမလို့တဲ့လေ”

“နောက်ပြီး ကျနော်က သူ့အဘိုးရဲ့ သူရဲကောင်းပါဆိုပြီး ပြောပါလေရော။ အဲ့ဒါနဲ့ ကျနော်လည်း ငါ့အသက်က နောက်တပတ်မှ (၅၂) နှစ်ပြည့်မှာလေကွာ။ အဲ့ဒါကို မင်းက ငါ့ကို မင်းအဘိုးရဲ့ သူရဲကောင်းလာလုပ်နေတယ်ဆိုပြီး ပြန်ပြောခဲ့ရပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဟာလန်းရဲ့ ဖခင်ဖြစ်သူ အယ်လ်ဖီဟာလန်းကလည်း မန်စီးတီးမှာ ကစားဖူးတဲ့ ကစားသမားဟောင်းတယောက်ပါ။

အယ်လ်ဖီဟာလန်းနဲ့ ရှီးယားတို့ဟာ တခေတ်တည်းကစားခဲ့တဲ့ ကစားသမားတွေလို့ဆိုနိုင်ပြီး အဆိုပါကစားသမားဟောင်းကြီးဟာလည်း ယူနိုက်တက်ဂန္တဝင်ဟောင်း ရွိုင်ကိန်းရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ဖူးကာ “ကျောင်းတော်က ရန်စ” တွေရှိခဲ့တဲ့ ကစားသမားတွေလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က