ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ​ ပြောဆိုခဲ့တာပါ။

ဒီနေ့ ပေါ်တူဂီရဲ့ ဂါနာနဲ့ပွဲအတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရော်နယ်ဒိုက သူ့ရဲ့ အင်တာဗျူးကိစ္စနဲ့ ပတ်သက်ပြီး အသင်းဖော်တွေကို မေးမြန်းနေတာတွေကို မပြုလုပ်ဖို့အတွက် ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်နဲ့ပတ်သက်ပြီး သူ ပြောဆိုခဲ့တာတွေအတွက်လည်းလူတွေက ဘယ်လိုပဲ ထင်မြင်ချက်ပေးပေး သူ့ဘက်က စိုးရိမ်နေမှာမဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

"တခါတလေမှာ ခင်ဗျားတို့လည်း အမှန်တရားတွေ ရေးတတ်ပါတယ်၊ တခါတလေကျတော့ လိမ်ညာတတ်တယ်၊ သူများတွေ ဘယ်လိုထင်မလဲဆိုတာကို ကျနော်ကတော့ မစိုးရိမ်ဘူး၊ ကျနော်ပြောချင်လာတဲ့အချိန်မှာ ကျနော်ပြောတယ်၊ လူတိုင်းက ကျနော်ဘယ်သူလဲဆိုတာသိပါတယ်၊ ကျနော် ဘာကိုယုံကြည်လဲဆိုတာကိုလည်း သိပါတယ်၊ ကျနော့်အသက် ၁၁ နှစ်ကတည်းက သူတို့က ကျနော့်ကိုသိခဲ့ကြတာပါ"

"ဒီတော့ ကျနော်နဲ့ပတ်သက်ပြီး လူတွေက ဘာတွေပြောပြော၊ ဘာတွေရေးရေး သူတို့အပေါ် လွှမ်းမိုးနိုင်မှာမဟုတ်ဘူး၊ ဖိအားဆိုတာက အရမ်းကောင်းပါတယ်၊ ဘာပြသနာမှမရှိဘူး၊ ကျနော်တို့က အပြည့်အ၀အာရုံစိုက်နေပါတယ် (ကမ္ဘာ့ဖလား)၊ ကျနော့်အကြောင်းမပြောဘဲနဲ့ ခင်ဗျား ကူညီနိုင်ပါတယ်၊ ကျနော် ကျည်ကာနဲ့ ချပ်ဝတ်တန်ဆာအပြည့်ဝတ်ထားပါတယ်"

"ခရစ္စတီယနိုအကြောင်း တခြားကစားသမားတွေကို မေးရင်တော့ ကျနော် အံ့အားသင့်စိတ်မကောင်းဖြစ်မိမှာပဲ။ ကမ္ဘာ့ဖလားနဲ့ အသင်းအကြောင်းဆိုရင်တော့ ကျနော့် အသင်းဖော်တွေကို မေးလို့ရပါတယ်၊ အဲဒါကိုပဲ လုပ်စေချင်ပါတယ်" လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ 

နိုင်ဂျီးရီးယားနဲ့ ခြေစမ်းပွဲအပြီးမှာ ရော်နယ်ဒိုရဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်ကို မေးမြန်းခဲ့ကြသလို ပေါ်တူဂီအသင်းမှာ သူတို့ပြန်တွေ့ချိန် ဆက်ဆံခဲ့ပုံတွေကိုလည်း မီဒီယာတွေက မေးမြန်းခဲ့ကြတာပါ။ ဒီအပေါ်မှာ ရော်နယ်ဒိုဘက်က နှစ်ခြိုက်ဟန်မရှိဘဲ သူ့အကြောင်း အသင်းဖော်တွေကို မမေးမြန်းဖို့ ပြောဆိုခဲ့တယ်လို့ ယူဆရပါတယ်။ 

Share

Loading Next Article...
က္က