နည်းပြနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

သူ့ရဲ့အနာဂတ်ကို ဆွေးနွေးဖို့အတွက် ရော်နယ်ဒိုဟာ ဒီနေ့မှာ နည်းပြတန်ဟက်ဂျ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့သိရပါတယ်။ တနင်္လာနေ့ညမှာ ရော်နယ်ဒိုက မန်ချက်စတာကို ရောက်ရှိနေမှာဖြစ်ပြီး ထိုင်း၊ ဩစတြေးလျကနေ ပြန်ရောက်လာမယ့်  တန်ဟက်ဂျ်နဲ့ ဒီနေ့မနက်မှာတွေ့ဆုံကာ သူ့ရဲ့ကိစ္စကို ရှင်းရှင်းလင်းလင်းအဖြေထုတ်တော့မှာဖြစ်ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်တွေကို လွဲချော်ခဲ့သလို အသင်းနဲ့လက်ရှိအချိန်ထိ ပူးပေါင်းခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြသစ်အဖြစ် တန်ဟက်ဂျ်တာဝန်ယူချိန်ကစပြီး ရော်နယ်ဒိုနဲ့ နယ်သာလန်လူမျိုးနည်းပြကြားမှာ သေချာပြောဆိုရခြင်းလည်းမရှိသေးပါဘူး။ 

ရော်နယ်ဒို အသင်းကို အခုလိုမျိုးပြန်ရောက်လာတာဟာ သူ့အနာဂတ်အတွက် ဆွေးနွေးဖို့သက်သက်သာဖြစ်ပြီး အသင်းဘက်ကတော့ သူ့ကိုရောင်းချမှာမဟုတ်ဘူးလို့ ပြောဆိုထားကာ တန်ဟက်ဂျ်ရဲ့ ရာသီသစ်စီမံကိန်းတွေထဲမှာလည်း သူ့ကိုထည့်သွင်းထားပါတယ်။ ဒါပေမယ့် ပေါ်တူဂီတိုက်စစ်မှူးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ပြီးနောက် အသင်းကနေသာ ထွက်ဖို့ အာရုံစိုက်နေခဲ့ပါတယ်။ 

လက်ရှိအချိန်ထိလည်း တန်ဟက်ဂျ်လက်အောက်မှာ ပူးပေါင်းလေ့ကျင့်တာမျိုးမရှိသေးဘဲ တဦးတည်းသာ လေ့ကျင့်နေခဲ့တာပါ။ ဒါပေမယ့် သူ အသင်းက ထွက်ခွာဖို့ပြောဆိုထားပေမယ့်လည်း ခေါ်ယူမယ့်အသင်းမရှိသလောက်ဖြစ်နေပြီး တရားဝင်ကမ်းလှမ်းထားတဲ့ အသင်းလည်းမရှိသေးတာကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ်က အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက်ရှိနေနိုင်တဲ့ အနေအထားလည်းဖြစ်နေပါတယ်။ 

Share

Loading Next Article...
က္က