တွေ့ဆုံမှုစုစုပေါင်းမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်နဲ့အက်လ်ကလက်စီကိုပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့နောက် အော်ဘာမီယန်က ဘာစီလိုနာအတွက် သွင်းဂိုး ၉ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပွဲထွက်ခွင့်ရတဲ့ ၈ ပွဲမှာ ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ကနေ ရောက်ရှိလာချိန်ကစလို့ စပိန်လာလီဂါမှာ သူ့ထက် ဂိုးပိုသွင်းနိုင်တဲ့ ကစားသမားက မရှိသလောက်ကို ဖြစ်နေခဲ့ပါတယ်။ 

အော်ဘာမီယန်အတွက်လည်း ရီးရဲလ်နဲ့ တွေ့ဆုံမှုမှာ နောက်ထပ်ဒုက္ခပေးနိုင်မှုဖြစ်လာခဲ့ပြီး စုစုပေါင်းအားဖြင့် ၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အထင်ကြိးစရာကတော့ အဆိုပါ ၇ ဂိုးမှာ ၅ ဂိုးက ဘာနေဗျူးကွင်းထဲမှာ ရယူခဲ့တာပါ။ ဒေါ့မွန်ကစားသမားဘ၀မှာ သူက ရီးရဲလ်နဲ့ ရင်ဆိုင်ခဲ့စဉ်က ၅ ဂိုးအထိ ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ 

ဂါဘွန်တိုက်စစ်မှူးဟာ ရီးရဲလ်နဲ့ စပိန်လာလီဂါပွဲအဖြစ် ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဇာဗီလက်အောက်မှာ အာဆင်နယ်က အော်ဘာမီယန်နဲ့ ကွဲပြားတဲ့သူတဦးကို မြင်တွေ့နေရတာဖြစ်ပြီး ဇာဗိပြောခဲ့သလိုပဲ သူက ကောင်းကင်ကပေးတဲ့ လက်ဆောင်တခုဆိုတာက အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ 

အာဆင်နယ်အတွက် ဒီရာသီမှာ ၁၅ ပွဲကစားပြီး ၇ ဂိုးသာ ရခဲ့ပေမယ့် ဘာစီလိုနာမှာတော့ သူက ၁၁ ပွဲကစားပေးအပြီးမှာပဲ ၉ ဂိုး သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးတဦးအတွက်တော့ ဒါက မဆိုးလှတဲ့ ခြေစွမ်းတွေလို့ ဆိုရမှာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့က သူ့အတွက်ရော၊ ဘာစီလိုနာအတွက်ပါ ကြီးမားတဲ့သက်ရောက်မှုတွေကို ဖြစ်လာစေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က