ဥရောပရဲ့အကောင်းဆုံးကစားသမား၊ ရပ်တန့်မရသူလို့ ပြောဆိုသွားခဲ့ပါတယ်။

ကိုင်လီယန်ဘတ်ပီက ရပ်တန့်လို့မရဘဲ ဥရောပရဲ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက ပြောဆိုလိုက်ပါတယ်။ ဘတ်ပီဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပွဲကစားချိန်နောက်ဆုံးမိနစ် အနိုင်ဂိုးသွင်းယူပြီး ရီးရဲလ်မက်ဒရစ်ကို အသည်းခွဲခဲ့ကာ သူ့အသင်း ပီအက်စ်ဂျီကို ကွာတားဖိုင်နယ်တက်စေဖို့ အခွင့်အလမ်းကောင်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

အသက် ၂၃ နှစ်အရွယ် ပြင်သစ်ကစားသမားက နေမာရဲ့ နောက်ပေါက်နဲ့ချပေးမှုကတဆင့် ရီးရဲလ်ဘယ်ခံစစ်ကနေ ဧရိယာအတွင်းကို တကိုယ်တော်ခြေစွမ်းနဲ့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး မြေလှိမ့်ဘောအပိုင်ကန်သွင်းပြီး ဂိုးယူပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ မက်ဆီရဲ့ ပင်နယ်တီလွဲချော်ထားတဲ့ ပီအက်စ်ဂျီကို အသက်ရှူချောင်စေခဲ့ပြီး နောက်တကျော့အတွက် အားဖြစ်လာစေခဲ့ပါတယ်။



"ဘတ်ပီက ဥရောပရဲ့အကောင်းဆုံးကစားသမားပါပဲ၊ သူ့ကို ရပ်တန့်လို့မရဘူး၊ သူ့ကို ထိန်းချုပ်ဖို့အတွက် ကျနော်တို့ကြိုးစားခဲ့ပါတယ်၊ မီလီတာအိုကလည်း သူ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် သူက တခုခုကို အမြဲတမ်းထိုးထွင်းကြံဆနိုင်တဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်၊ ကျနော်တို့ ကစားပုံမကောင်းခဲ့ဘူး၊ ဒါပေမယ့် ပွဲမပြီးသေးပါဘူး"


"ဒုတိယအကျော့မှာ ကျနော်တို့ ပိုပြီးတော့ Press လုပ်နိုင်ဖို့ လိုပါတယ်၊ ရလဒ်အရတော့ နောက်မှာရှိသွားပါပြီ၊ ဘောလုံးရထားချိန်မှာ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်၊ ဒါကို ဒီနေ့ပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး၊ ပေးပို့ပုံတွေမှာလည်း အမှားအယွင်းတွေရှိခဲ့ပြီး ပီအက်စ်ဂျီရဲ့ high press ကြောင့်ပါ၊ သူတို့ အဲဒါကိုကောင်းကောင်းလုပ်ပြခဲ့ပြီး ကျနော်တို့ကို အခက်တွေ့စေခဲ့ပါတယ်" လို့ အန်ဆယ်လော့တီက ပြောဆိုခဲ့ပါတယ်။

ဘတ်ပီဟာ ပြိုင်ဘက်ခံစစ်မှူးနှစ်ဦးကြားကနေ ထိုးဖောက်သွားခဲ့ကာ နောက်တဦးကိုလည်း ထပ်မံကျော်ဖြတ်ပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အဆိုပါအခိုက်အတန့်ဟာ မှော်ဆန်လွန်းတယ်လို့တောင် ချီးကျူးခံနေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က