စပိန်ကစားသမားတွေဟာ ပင်နယ်တီကန်သွင်းမှုကို ကြိမ်ဖန်များစွာလုပ်ခဲ့ရပါတယ်။

မ​ော်ရိုကိုနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေတဲ့ သူ့အသင်းသားတွေကို ပင်နယ်တီအလုံး ၁၀၀၀ အထိ ကန်သွင်းလေ့ကျင့်ခိုင်းထားတယ်လို့ စပိန်နည်းပြလူး၀စ္စအင်းနရစ်က ပြောဆိုလိုက်ပါတယ်။ မာကျောမှုအပြည့်ရှိပြီး ကမ္ဘာ့ဖလားမှာ တခုတည်းသော အာဖရိကအသင်းအဖြစ် ကျန်နေရစ်တဲ့ မော်ရိုကိုနဲ့ပွဲက စပိန်အတွက် ခက်ခဲဖွယ်ရှိနေတာပါ။ 

ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာတော့ မနေ့က ကစားခဲ့တဲ့ ဂျပန်နဲ့ ခရိုအေးရှားတို့ရဲ့ ပွဲစဉ်တပွဲတည်းသာ အချိန်ပို၊ ပင်နယ်တီအဆုံးဖြတ်ခံယူထားရသေးတာဖြစ်ပြီး ကျန်ပွဲတွေကတော့ သာမန်ပွဲချိန်အတွင်း အရှုံး/အနိုင်အဖြေထွက်ခဲ့တာပါ။ စပိန်ဟာ ပြီးခဲ့တဲ့ ယူရိုမှာ အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရတဲ့အသင်းလည်းဖြစ်ပါတယ်။

အင်းနရစ်က "သူတို့အိမ်စာတွေကို ကောင်းကောင်းလုပ်ပြီးပြီလို့ ကျနော်ထင်တယ်၊ ပြီးခဲ့တဲ့တနှစ်က စပိန်လေ့ကျင့်ရေးကွင်းတခုမှာ မင်းတို့ အနည်းဆုံး ပင်နယ်တီအလုံး ၁၀၀၀ ကန်သွင်းပြီး ဒီကိုရောက်နေရမယ်လို့ သူတို့ကို ကျနော်ပြောခဲ့ပါတယ်၊ အဲဒီလိုလေ့ကျင့်ပြီး ဒီကိုရောက်လာဖို့ စောင့်နေတာက လုံလောက်မှုတောင်မရှိပါဘူး"

"အခုက အကြိမ်ထောင်နဲ့ချီပြီး လေ့ကျင့်ထားပြီးရင် ပင်နယ်တီကို ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း ပြသရမယ့် အချိန်ပါပဲ၊ ကစားသမားတဦးချင်းစီအကြောင်းကို ကျနော် အများကြီးပြောပြထားတယ်၊ ကျနော်တို့မှာ အရမ်းကောင်းတ​ဲ့ ဂိုးသမားတယောက်ရှိတယ်၊ ဒီအခြေအနေမှာ ဘယ်ဂိုးသမားမဆို ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်၊ လေ့ကျင့်ခန်းဆင်းပြီးတိုင်းလည်း ကစားသမားတွေ ပင်နယ်တီကန်သွင်းတာ လေ့ကျင့်နေတာကို ကျနော်မြင်ခဲ့ရတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 


စပိန်ကတော့ အုပ်စုအဆင့်မှာ မထင်မှတ်ဘဲ ဂျပန်ကို အရေးနိမ့်ခဲ့ပြီး အုပ်စုဒုတိယနေရာနဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က