မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ချက်တို့ရဲ့ ယူရို-၂၀၂၄ အုပ်စုပွဲစဉ်မှာ ပေါ်တူဂီက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုးအရင်ရရှိခဲ့တာက ချက်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပေါ်တူဂီအတွက် ချေပဂိုးကို ချက်ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကတစ်ဆင့် ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲပြီးခါနီးမှာ ကွန်ဆီကာအိုက ပေါ်တူဂီအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒီသွင်းဂိုးက ပေါ်တူဂီအတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုးဖြစ်ခဲ့ပြီး ရော်နယ်ဒိုကလည်း ပွဲသိမ်းခရာမှုတ်ချိန်မှာ ကွန်ဆီကာအိုနဲ့ ကောင်းကောင်းအောင်ပွဲခံခဲ့ပါတယ်။ ပေါ်တူဂီနိုင်ပွဲရတဲ့အတွက်ရော၊ ကွန်ဆီကာအိုရဲ့ ပထမဆုံး သွင်းဂိုးအတွက်ပါ ရော်နယ်ဒိုက အမှန်အကန် အောင်ပွဲခံခဲ့တာပါ။
ဒီလိုမျိုး ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်ကို ကြည့်လိုက်တာနဲ့ အခု ယူရိုက ပေါ်တူဂီအတွက်၊ ရော်နယ်ဒိုအတွက် ဘယ်လောက်အရေးကြီးနေတယ်ဆိုတာ ပရိသတ်တွေအားလုံး သိကြမှာပါ။ ပရိသတ်တွေကလည်း “ရော်နယ်ဒိုက ကြီးကျယ်ခမ်းနားတဲ့ အသင်းခေါင်းဆောင်တစ်ယောက်ပါ"
“ချက်က ဂိုးသွင်းလိုက်ချိန်မှာ မြင်ရတဲ့ ရော်နယ်ဒိုရဲ့ တုံံ့ပြန်မှုကြောင့် သူတို့ ဒီပွဲကို နိုင်သွားဦးမယ်ဆိုတာ သိထားပါတယ်” “ရော်နယ်ဒိုက ပြောင်းလဲသွားပါပြီ။ ဂိုးမသွင်းနိုင်ချိန်မှာတောင် သူက သဘောကောင်းပြနေတုန်းပါပဲ” လို့ အမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပါတယ်။