ဘလွန်းဒီအောဆုပေးပွဲမှာ သူ့ကို ၂၀၂၀ အတွက် ဆုရစေချင်တယ်လို့ မက်ဆီက ပြောခဲ့တာပါ။

ဘလွန်းဒီအောဆုပေးပွဲမှာ သူ့အတွက် ပြောပေးခဲ့တဲ့ မက်ဆီရဲ့ စကားတွေက အချည်းနှီးအကျိုးမရှိတဲ့စကားတွေ မဖြစ်စေချင်ဘူးလို့ ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီးက ပြောဆိုလိုက်ပါတယ်။ ဆုပေးပွဲမှာ မက်ဆီက ၂၀၂၀ခုနှစ်အတွက် ဘလွန်းဒီအောဆုကို လီဝန်ဒေါစကီးကို ပေးအပ်သင့်ကြောင်း ပြောဆိုခဲ့ပြီး အမှန်တကယ်လည်း ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း မက်ဆီရဲ့ အဆိုပါပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး လီဝန်ဒေါစကီးက အခုအခါမှာ ပထမဆုံးအကြိမ် ပြန်လည်တုံ့ပြန်ခဲ့ရာမှာတော့ အားလုံးအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ စပိန်သတင်းစာ Marca နဲ့ တွေ့ဆုံမှုမှာ ပိုလန်တိုက်စစ်မှူးက ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွက် သူ ဆု ရ၊မရ ဆိုတာကို ဂရုမစိုက်ဘူးလို့ ဆိုခဲ့တာပါ။ 

လီဝန်ဒေါစကီးက " ၂၀၂၀ ဆုကို ကျွန်တော်စိတ်ဝင်စားပါဘူး၊ မက်ဆီရဲ့ ပြောဆိုမှုကလည်း ကစားသမားကောင်းတစ်ယောက်ရဲ့ ရိုးရိုးသားသားနဲ့ ယဉ်ကျေးပျူငှာတဲ့စကားတခွန်းပဲ ဖြစ်စေချင်ပါတယ်၊ ဘာမှမပြောတာထက်စာရင်တော့ ဒါက မဆိုးပါဘူး၊ ကျွန်တော် တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်ဆိုတာကို မငြင်းပါဘူး၊ ပျော်ရွှင်ပါတယ်လို့လည်း မပြောနိုင်ဘူး၊ အဲဒါရဲ့ ဆန့်ကျင်ဘက်ကတော့ ဝမ်းနည်းမှုပါပဲ"

"မက်ဆီနဲ့ ယှဉ်ပြိုင်နိုင်တဲ့အထိ ကျွန်တော်နီးစပ်ခဲ့ပြီး သူ့ရဲ့ ကစားပုံနဲ့ သူ အောင်မြင်မှုတွေရခဲ့တဲ့အပေါ် ကျွန်တော်လေးစားပါတယ်၊ သူနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တယ်ဆိုတာက ကျွန်တော်တက်လှမ်းနိုင်ခဲ့တဲ့ အဆင့်ကို ပြသလိုက်တာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပြီး မက်ဆီက မဲအနည်းငယ်အသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။


ဒီနှစ်အတွင်းမှာ လီဝန်ဒေါစကီးက ၅၅ ပွဲကစားပြီး ဂိုးပေါင်း ၆၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း မက်ဆီကို အနိုင်ရဖို့အတွက်တော့ လုံလောက်မှုမရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က