မက်ဂွိုင်းရားက နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ သူ့ရဲ့ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခြင်းအတွက် အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဒီဂီယာကို စိတ်ပျက်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ မက်ဂွိုင်းရားဟာ ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်မရရှိတော့ပါဘူး။



သူက အသင်းခေါင်းဆောင်တယောက်ဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိတော့ဘူးလို့ နည်းပြ တန်ဟက်ခ်က လူသိရှင်ကြား ထုတ်ပြောထားပါတယ်။ ဒီကြားထဲမှာ မက်ဂွိုင်းရားက ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ကျန်ပွဲတွေမှာတော့ မက်ဂွိုင်းရားက လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရတာပါ။

ဒါဟာ ယူနိုက်တက်ဂိုးသမား ဒီဂီယာရဲ့အပြစ်မကင်းဘူးလို့ မက်ဂွိုင်းရားက ယူဆနေတာပါ။ ဒီဂီယာဟာ Ball Playing ပိုင်း အားနည်းတဲ့ ဂိုးသမားတယောက်ဖြစ်ပြီး အဆိုပါ စပိန်ဂိုးသမားနဲ့ သူ့အကြား နားလည်မှု ပျောက်ဆုံးခဲ့တာက သူ အခုလို အရန်ခုံထိုင်ရခြင်းရဲ့ ကိစ္စတစိတ်တပိုင်းအဖြစ် မက်ဂွိုင်းရားက ယူဆနေပါတယ်။ ဒီဂီယာဟာ Sweeper Keeper ဆန်ဆန် ကစားကွက်ကို အစပြုရင်း ကစားဖို့ကိုလည်း တွန့်ဆုတ်တတ်တဲ့ သမာရိုးကျ ဂိုးသမားတယောက်ဖြစ်ပါတယ်။

တန်ဟက်ခ်ရဲ့ နည်းစနစ်မှာတောင် ဒီဂီယာကို ဘောလုံးရှေ့ကန်တင်ခွင့်ပေးထားရပြီး ဒီကစားသမားရဲ့ အားနည်းချက်ကို အတင်းပြောင်းလဲဖို့ မကြိုးစားတော့ပါဘူး။ ဒီလိုမျိုး အချက်တွေက သူ့ကိုပါထိခိုက်စေတယ်လို့ မက်ဂွိုင်းရားက ယူဆနေတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဗဟိုနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ ဗာရန်း၊ မာတီနက်ဇ်တို့နဲ့ ဒီဂီယာအကြား ဆက်ဆံရေးနဲ့ နားလည်မှုကတော့ တော်တော်လေးကောင်းမွန်နေပါတယ်။

တန်ဟက်ခ်ဟာ ယူနိုက်တက်နောက်တန်းက မက်ဂွိုင်းရား၊ လုခ်ရှောတို့ကို အရန်ခုံပို့ပစ်လိုက်ပြီးနောက် ဗာရန်း၊ မာလာစီယာတို့နဲ့အတူ နောက်တန်းမှာ ဒါလော့၊ မာတီနက်ဇ်တို့ကို သူ့စိတ်ကြိုက် အမာခံကစားသမားတွေအဖြစ် ရွေးချယ်ထားပါတယ်။ မက်ဂွိုင်းရားကတော့ ယူနိုက်တက်မှာ ပုံမှန်နေရာပျောက်ဆုံးနေသည့်တိုင် အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ ရွေးချယ်ခံနေရဆဲလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က