ရီးရဲလ်နဲ့ ပေါ်တူဂီမှာ ကာလရှည် တွဲဖက်ကစားခဲ့သူတွေပါ။

ပေါ်တူဂီသတင်းထောက် ပက်ဒရိုအယ်လ်မေးဒါးရဲ့ ပြောဆိုချက်အရ ရော်နယ်ဒိုဟာ သူ့ရဲ့ အသင်းဖော်ဟောင်းကြီး ပီပီကို ခေါ်ယူဖို့အတွက် အယ်လ်နာဆာကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီ (အခုချိန်ထိ) တို့မှာ နှစ်ရှည်လများအသင်းဖော်တွေအဖြစ် သူတို့နှစ်ယောက်က ကစားနေတာဖြစ်ပြီး ပီပီကတော့ လက်ရှိမှာ ပေါ်တိုအတွက် ကစားပေးနေတာဖြစ်ပါတယ်။ 

အသက် ၄၀ ပြည့်တော့မှာဖြစ်ပေမယ့် ပီပီက ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနေနိုင်ဆဲဖြစ်ပါတယ်။ ကစားသမားဘ၀ကနေ အနားမယူသေးဘူးလို့ ပီပီက ပြောဆိုထားပေမယ့် ထိပ်တန်းအဆင့်တွေမှာ ကစားဖို့တော့ အခက်အခဲတွေရှိလာပြီဖြစ်ပြီး ဒီလိုအခြေအနေမှာ ရော်နယ်ဒိုက သူ့ရဲ့ ညီအကို၊ သူငယ်ချင်းလိုဖြစ်နေတဲ့ ပီပီကို ခေါ်ယူဖို့အတွက် တိုက်တွန်းခဲ့ဖွယ်ရှိပါတယ်။ 

အယ်လ်နာဆာကလည်း ဥရောပကြယ်ပွင့်တွေကို ခေါ်ယူဖို့အတွက် ကြိုးစားနေတဲ့အသင်းဖြစ်ပြီး ရော်နယ်ဒိုရဲ့ တိုက်တွန်းမှုကို လက်ခံမယ်ဆိုရင်တော့ ပီပီကို ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ အသက်အရွယ်က စဉ်းစားစရာကောင်းနေပြီး အသင်းအတွက် ရာနှုန်းပြည့်ကစားပေးနိုင်ဖို့အတွက် အာမခံချက်နည်းပါးနေတာကြောင့်ပါ။ 

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတောမယ့် ဆာဂျီယိုရာမို့စ်ကိုလည်း ဆော်ဒီကလပ်တွေက ပစ်မှတ်ထားနေကြပြီး အယ်လ်နာဆာအနေနဲ့ ပီပီထက် ရာမို့စ်ကိုသာ ဦးစားပေးဖို့လည်း ရှိနေပါတယ်။ ရာမို့စ်ကို အယ်လ်ဟီတီဟတ်ကလည်း စိတ်ဝင်စားနေပြီး အလွတ်နဲ့ခေါ်ယူနိုင်မှာမို့ လက်သွက်ခြေသွက်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က